အစိုးရက ဖမ်းဆီးထားသော ဂျန်မိုင်ကောင်း ခရစ်ယာန် နှစ်ခြင်း အသင်းတော် စစ်ဘေး ဒုက္ခသည် စခန်းမှ ဦးလထော်ဘရန်ရှောင်ကို ခြွင်းချက် မရှိ ပြန် လွှတ်ပေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇူလိုင် ၆ ရက်နေ့၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရန် စီ စဉ် ထားကြောင်း သိရသည်။ ယင်းဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မတီကို သိက္ခာတော်ရ ဆရာ ဦးလဖိုင်ဂျာနော်က ဦးဆောင်၍ ခန့်မှန်းခြေ လူ ၁၀၀၀ ခန့် တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ဦးလထော်ဘရန်ရှောင်အား ဇွန်လ ၁၇ ရက် က ဖမ်းဆီးသွား ခြင်း ဖြစ်ကြောင်း ဆန္ဒပြရန် စီစဉ်သူများက ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ လိပ်မူထားသော ထုတ်ပြန်စာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။