• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ပြေးဒုက္ခသည် အဖမ်းခံရသည့်ကိစ္စ ဆန္ဒပြရန် စီစဉ်

by လဖိုင်
3 July 2012
in သတင်း
A A
စစ်ပြေးဒုက္ခသည် အဖမ်းခံရသည့်ကိစ္စ ဆန္ဒပြရန် စီစဉ်

ကချင်စစ်ပြေးဒုက္ခသည် စခန်းတခု (ဓာတ်ပုံ - Reuters)

1.7k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင့် စစ်ပြေးဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေသည့် စစ်ပြေးဒုက္ခသည် ကချင်အမျိုးသား ကိုလထော် ဘရန်ရှောင်အား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှဟု စွပ်စွဲကာ ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန် မြစ်ကြီးနားမြို့တွင် ဇူလိုင်လ ၆ ရက်နေ့၌ ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။

ဆန္ဒပြမည့် စီစဉ်ထားသည့် ထိုနေ့သည် အဖမ်းခံထားရသည့် ကိုဘရန်ရှောင်ကို ရုံးထုတ်မည့်နေ့ ဖြစ်သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
135
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.3k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
127

“ဒီကိစ္စက ဘရန်ရှောင် တယောက်တည်းကိစ္စ မဟုတ်ပါဘူး။ ဒုက္ခသည်တွေအားလုံးရဲ့ လုံခြုံရေးနဲ့ ဆိုင်ပါတယ်။ အခုဆို ဒုက္ခသည်တွေ ကြောက်ကြောက်လန့်လန့် နေနေရပါပြီ။ လုံခြုံမူ လုံးဝမရှိတော့ဘူးလို့ ခံစားနေရပါတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Rev. ခလမ် ဆမ်ဆွန်က ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခွင့်ရရန် စာတင်ထားကြောင်း၊ ကိုဘရန်ရှောင်ကို ချွင်းချက်မရှိ လွှတ်ပေးရန်၊ ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခြင်း မပြုရန်၊ ဒုက္ခသည်များ လုံခြုံစွာနေနိုင်ရေး အစိုးရက ကူညီပေးရန်၊ ဦးဘရန်ရှောင်ကို နှိပ်စက်မှု မပြုလုပ်ရန်အတွက် ဆန္ဒဖော်ထုတ်လိုသည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ထားသည့် စာတွင် ဖော်ပြထားကြောင်း သိရသည်။

ဒေါက်တာ Rev. ခလမ် ဆမ်ဆွန်က “အဖမ်းခံရတဲ့ ဘရန်ရှောင်ဆိုတာ KIA လုံး၀ မဟုတ်ပါဘူး။ မိုင်းမပြောနဲ့ မီးခြစ်တောင် မရှိဘူး။ ဆေးလိပ်လည်း မသောက်တတ်ဘူး” ဟု ပြောသည်။

အသက် ၂၅ နှစ်အရွယ် ကိုဘရန်ရှောင်သည် မြန်မာစကား ရေလည်စွာ နားလည်ခြင်းမရှိဘဲ နားထိုင်းသူဖြစ်သည်ဟု ကချင်ဒုက္ခသည်များက ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ရတနာပုံသတင်းစာနှင့် မြဝတီသတင်းစာတို့တွင် ကိုဘရန်ရှောင်ကို KIA မှ ဗိုလ်ကြီး အဆင့်ရှိသူဖြစ်ကြောင်း၊ ဖောက်ခွဲဖျက်ဆီးမှုများနှင့် ဆက်စပ်နေကြောင်း၊ ဖမ်းဆီးထားသူများမှာ ဘရန်ရှောင်အပြင် လဖိုင်ဝမ်၊ ဇော်ဘောက်၊ ဘရန်ရုန်းတို့ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ကိုဘရန်ရှောင်ကဲ့သို့ စွပ်စွဲဖမ်းဆီးခံရကာ ထောင်ဒဏ်ကျခံရသူများလည်း ရှိကြောင်း သိရသည်။

“ရွေစက်စခန်းက တယောက်က ဟုတ်ပါတယ်လို့ ဝန်ခံလိုက်လို့ ထောင်ကျနေပြီ” ဟု ဒေါက်တာ Rev. ခလမ် ဆမ်ဆွန်က ပြောသည်။

စခန်းပြင်ပတွင် ဖမ်းခံရသူများအတွက် ယခုကဲ့သို့ လိုက်လံဆောင်ရွက်ပေးမူများ ရှိခဲ့သော်လည်း ယခုအကြိမ်သည် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် ကြည့်ရှုမူအောက်တွင်ရှိသည့် စခန်းတွင်း၌ဖြစ်၍ အပြည့်အ၀ တာဝန်ခံ၊ အာမခံကာ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ကိုဘရန်ရှောင် အဖမ်းခံရပြီးနောက် ဒုက္ခသည်စခန်းမှ စွန့်ခွာထွက်ပြေးသည့် မိသားစု ၄ စုရှိနေပြီဟု သိရသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးနှင့် စရဖတို့က ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ပေါက်ကွဲ ၃ ဖြင့် ဖမ်းဆီးသွားပြီး ရုံးတင်သည့်အခါတွင် မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇/၁ ဖြင့် ပြောင်းလဲ စွဲဆိုခဲ့သည်။

ဖမ်းဆီးခံရပြီး ၂ ရက်အကြာ ဇွန်လ ၁၉ ရက်နေ့တွင် ဒုက္ခသည်စခန်းသို့ လက်နောက်ပြန် လက်ထိပ်ခတ်ကာ ခေါ်ဆောင်လာခဲ့ကြောင်း၊ မျက်နှာတွင် ဖူးယောင်းနေသည်ကို ကိုဘရန်ရှောင်၏ ဇနီးဖြစ်သူက မြင်ရပြီးနောက် မေ့လဲသွားခဲ့ကြောင်း စခန်းတာဝန်ခံက ပြောသည်။

ဇွန်လ ၂၀ ရက်နေ့တွင် စခန်းသို့ နောက်တကြိမ်ခေါ်လာခဲ့ပြီး ၎င်းအိပ်သည့်နေရာနှင့် ပတ်ဝန်းကျင်နေရာများကို သရုပ်ပြဗီဒီယို ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့ နေ့စွဲဖြင့် သက်ဆိုင်ရာအာဏာပိုင်များသို့ ကိုဘရန်ရှောင်၏ ရှေ့နေ ဦးဂျီမာခါးက ပေးပို့သော စာတွင် ၎င်းအနေဖြင့် ရှေ့နေကိုယ်စားလှယ်လွှဲစာနှင့် ကိုဘရန်ရှောင်ကို တွေ့ဆုံခွင့် အကြိမ်ကြိမ်တောင်းသော်လည်း တွေ့ဆုံခွင့် မပြုကြောင်း၊ ဇွန်လ ၂၈ ရက်နေ့ ဦးဘရန်ရှောင်အား ရုံးထုတ်ချိန်တွင် နှိပ်စက်ခံထားရသည့် လက္ခဏာများ တွေ့ရကြောင်း ဖော်ပြထားသည်။

ဇူလိုင်လ ၂ ရက်နေ့ညနေတွင် ရှေ့နေ ဦးဂျီမာခါးနှင့် စခန်းတာဝန်ခံတို့သာ ကိုဘရန်ရှောင်ကို တွေ့ဆုံခွင့်ရကြောင်း သိရသည်။

ဖမ်းခံရသည့် ၁၇ ရက်မှ ၂၈ ရက်နေ့ရုံးထုတ်သည့် အချိန်အထိ မိသားစု၊ ရှေ့နေများနှင့် တွေ့ဆုံခွင့် မရဘဲ ၂၈ ရက်နေ့တွင် ရုံးထုတ်ကာ ဖြောင့်ချက်ပေးခိုင်းကြောင်း၊ ဖြောင့်ချက်ပေးစဉ် တရားသူကြီးက မျက်နှာမှ ဒဏ်ရာများအပြင် ရင်ဘတ်တွင် တပ်ဆင်ထားသည့် အသံဖမ်းစက်ကို တွေ့မြင်သွားသည့်အတွက် ရုံးထုတ်စစ်ဆေးမှု ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။

“တရားသူကြီးက မျက်နှာမှာ ဒဏ်ရာတွေနဲ့ ဘာဖြစ်တာလဲလို့ မေးတဲ့အခါကျတော့ ဆိုင်ကယ်မှောက်တာလို့ ဘရန်ရှောင်က ဖြေတယ်။ ဒါနဲ့မယုံလို့ အကျႌချွတ်ခိုင်းတဲ့အခါတော့ စရဖတွေရဲ့ အသံဖမ်းစက်ကို တွေ့သွားတော့ တရားရုံးကို စော်ကားတယ်ဆိုပြီး တရားသူကြီးက တရားခွင်ကို ရပ်လိုက်တယ်။ ပြီးတော့ ဒီကိစ္စကိုလည်း အထက်ကို ထပ်တိုင်ထားတယ်” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဘရန်ရှောင်သည် KIA မဟုတ်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှ သာသနာပိုင်ဆရာ ၄၈ ဦးက ဇွန်လ ၂၂ ရက်နေ့တွင် စာရေးသား လက်မှတ်ထိုးကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သမ္မတတို့ထံ ဖြေရှင်းခဲ့သော်လည်း တစုံတရာ အကြောင်းထူးခြင်း မရှိဟု သိရှိရသည်။

ဒုက္ခသည်ကို KIA အဖြစ် အမည်တပ်ဖမ်းဆီးခြင်းသည် လက်ရှိဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို များစွာထိခိုက်နိုင်သဖြင့် အမြန်ဆုံးလွှတ်ပေးရန် ကချင်ငြိ်မ်းချမ်းရေးအကျိုးဆောင်များက တောင်းဆိုခဲ့ကြောင်း ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

KIA ဟု စွပ်စွဲ ဖမ်းဆီးခံရသည် ကိုဘရန်ရှောင်သည် ၂၀၁၁ ဇူလိုင်လ ဂျန်မိုင်ကောင့် စစ်ပြေးဒုက္ခသည်စခန်း ဖွင့်စဉ်ကတည်းက ဒုက္ခသည်စာရင်းပေးသွင်းကာ နေထိုင်နေသူဖြစ်ကြောင်း ဇနီးနှင့် သမီးနှစ်ဦးရှိကြောင်း၊ လက်ရှိတွင် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်နေသည့် အင်ပွန်ကျေးရွာမှဖြစ်ကြောင်း သိရသည်။

 

Your Thoughts …
လဖိုင်

လဖိုင်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
တရုတ်နှင့် ဆက်ဆံရေး NLD အလေးထား

တရုတ်နှင့် ဆက်ဆံရေး NLD အလေးထား

မျှော်သာမျှော်သည် မယုံကြည် …

မျှော်သာမျှော်သည် မယုံကြည် ...

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate