သတင်းတို

၈၈ နှင့် စင်ပြိုင် အာဆီယံအဖွဲ့ တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် စင်ပြိုင် အာဆီယံ ပါလီမန်အဖွဲ့ ကိုယ်စားလှယ်များ ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ M3 Food Center ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ထိုသို့တွေ့ဆုံကြရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ များနှင့် ရှေ့အလားအလာများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲသို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်နှင့် ကိုမာကီ တို့ တက်ရောက် ခဲ့ကြကြောင်း သိရ သည်။

Loading