ဦးတင်အောင်မြင့်ဦး နုတ်ထွက်၍ ဒု သမ္မတ တဦး အစားထိုးခန့်အပ်ရန်အတွက် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ဇူလိုင် ၁၀ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ညွှန်ကြားလိုက် သည်။ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင် ၁ ရက်မှ စ၍ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြောင်း၊ သမ္မတ ရုံးမှ ဇူလိုင် ၂ ရက်တွင် ပြည်ထောင်စု လွှတ်တော် နာယက ထံ အကြောင်းကြားခဲ့သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၇ ရက် အတွင်း အစားထိုး ခန့်အပ်ရန် ရွေးချယ်ရမည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ ယနေ့ နေ့လယ်ပိုင်းက ထုတ်ပြန် ကြေညာသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။