ထိုင်းနိုင်ငံအခြေစိုက် အီတလီ-ထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် ပူးတွဲ၍ ထားဝယ် ရေနက်စီမံကိန်းတွင် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းတည်ဆောက်ရန် တာဝန်ယူမည့် မက်စ်မြန်မာက စီမံကိန်းတွင် ဆက်လက်ပါဝင်မည် မဟုတ်ဟု ပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။ “စီမံကိန်းကနေ ကျနော်တို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်နေပါတယ်” ဟု မက်စ်မြန်မာ ပိုင်ရှင် ဦးဇော်ဇော်က ပြောကြောင်း သတင်းက ဆိုသည်။ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ အကုန်အကျခံ တည်ဆောက်ရန် မျှော်မှန်းထားသော ယင်းစီမံကိန်းထက် ရန်ကုန်အနီး သီလဝါစီမံကိန်းကို နေပြည်တော်အနေဖြင့် ပိုမိုလျှင်မြန်စွာ တည်ဆောက်လိုနေကြကြောင်း သတင်းများအရ သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။