ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်းသည် တရုတ်နိုင်ငံ ပီကင်းမြို့မှ ကိုယ်ပိုင် အထူးလေယာဉ်ဖြင့် မန္တလေးမြို့ကို ယနေ့ ညနေပိုင်းတွင် ရောက်ရှိလာမည်ဖြစ်သည်။ UNICEF ၏ ချစ်ကြည်ရေး သံတမန်အဖြစ် ဂျက်ကီချန်းသည် ကလေး သူငယ်များ လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ကူညီဆောင်ရွက်ရေး ကိစ္စများလုပ်ဆောင်ရန် လာရောက်ခြင်းဖြစ်ပြီး ခရီးစဉ်မှာ ၃ ရက်ကြာမည်ဖြစ်သည်။ ခရီးစဉ်အတွင်း လူကုန်ကူးခံခဲ့ရသော ကလေးများ ပြန်လည်ပြုစုပျိုးထောင်ရေး ဂေဟာ၊ လူကုန်ကူးခံရမည့် အန္တရာယ် ကျရောက်နေသော ကလေးငယ်များ၊ မိဘများက စွန့်ပစ်ထားသော ကလေးငယ်များနှင့် လေလွင့် ကလေးငယ်များကို ပြုစု ပျိုးထောင်ရန် UNICEF က စီစဉ်ဖွင့်လှစ်ထားသော နေရာများကို သွားရောက်မည် ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိကြီးများ၊ မန္တလေးမြို့ပေါ်ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ဝင် ရဲအရာရှိများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။