လွှတ်တော်တွင် လယ်ယာမြေအရေး အဆိုတင်သွင်း
This article has been converted from Zawgyi One to Unicode
လယ်ယာမြေ သိမ်းဆည်းခံထား ရခြင်းများကို စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူ လယ်သမားများ နစ်နာမှု မရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက် ပေးရေးတို့အတွက် ဇလွန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွတ်က ယမန်နေ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။ ယင်း အဆိုကို ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဇူလိုင် ၉ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထားပြီး အမည် စာရင်း ပေးသွင်းကြရမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် စစ်တပ်၊ အစိုးရစီမံကိန်းများ၊ ကုမ္ပဏီများ၊ စက်မှုဇုန်များက ဒေသခံများ နေထိုင် လုပ်ကိုင်နေကြသော လယ်ယာ၊ ခြံမြေများကို သိမ်းယူနေမှု နေရာအနှံ့ဖြစ်ပွားနေကြောင်း၊ ယင်းအတွက် လွှတ်တော်အနေဖြင့် ခိုင်မာသည့် ဥပဒေသစ် တရပ် ပြဌာန်းရန် လိုအပ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သော ဦးကိုကိုကြီး ကလည်း ဧရာဝတီသို့ ပြောသည်။