သတင်းတို

သံအမတ်ကြီးဟောင်း ဦးသက်ထွန်း ကွယ်လွန်

This article has been converted from Zawgyi One to Unicode

အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း (အသက် ၈၆ နှစ်) သည် ယမန်နေ့ ည ၇ နာရီဝန်းကျင်က ရန်ကုန်မြို့ အာရှတော်ဝင် အထူးကု ဆေးခန်းတွင် ကွယ်လွန်သွားသည်။ ဦးသက်ထွန်း ၏ ရုပ်ကလာပ်ကို ထိန်ပင် သုသာန်သို့ ပို့ဆောင် ထားကြောင်း၊ ဈာပန အခမ်းအနား အစီအစဉ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်နေထိုင်သည့် သားအကြီးဖြစ်သူ ရောက်ရှိလာမှ စီစဉ်မည် ဖြစ်ကြောင်း သားတပည့် ဖြစ်သူ တဦးက ပြောပြသည်။ ဦးသက်ထွန်းသည် သံအမတ်ကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် စာပေရေးသားခြင်း ကို ဇောက်ချလုပ်ကိုင်ခဲ့ရာ အတွေးအမြင်စာစဉ် အပါအဝင် ပြည်သူ့ခေတ် ဂျာနယ်များတွင် မကွယ်လွန်ခင်အထိ ပင်တိုင် ရေးသား ခဲ့ပြီး သံတမန် အတွေ့အကြုံနှင့်ပတ်သက်သော “သံတို့အမြင် (အင်္ဂလိပ်+မြန်မာ)” ၊ “မြန်မာ တဦး၏ ကမ္ဘာ့အမြင်” စသည့် စာအုပ် များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။

Loading