သတင်း

SSA – N စခန်း ၂ ခု ဆုတ်ခွာ တော့မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရ တပ်များ၏ ၅ ရက်ကြာ ထိုးစစ်ဆင်မှုကို ရင်ဆိုင် နေရသည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) သည် ၎င်းတို့၏ တပ်စခန်း ၂ ခု ကို ယနေ့ လက်လွှတ် တော့မည် ဖြစ်ကြောင်း SSA – N ဗိုလ်မှူး စိုင်းလှက ပြောသည်။

အဆိုပါ တပ်စခန်းများသည် ရှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ လွိုင်ဖာဖု တပ်စခန်းနှင့် မြောက်ပိုင်း တန့်ယန်းမြို့နယ် ၇ မိုင် တပ်စခန်းတို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း တပ်စခန်း၏ အနီးတွင် စိုက်ပျိုးရေး လုပ်ကိုင်နေသည့် ဒေသခံများ မထိခိုက်စေရန်နှင့် ငြိမ်းချမ်းရေး ထပ်မံ တွေ့ဆုံဆွေး နွေးရန် စီစဉ်နေချိန်အတွင်း တပ်ဆုတ်ပေးရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့မှ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်က မေတ္တာရပ်ခံ ထားကြောင်း သိရသည်။

“လူထုကိုလည်း ကြည့်တယ်၊ နောက် ငြိမ်းချမ်းရေးကိုလည်း မထိခိုက်စေချင်လို့၊ အဲဒီ တိုက်ပွဲကနေပြီးတော့ ကြီးထွားလာ မှာကိုလည်း မလိုလားလို့ စခန်းတွေကနေ ဆုတ်ပေးမှာပါ” ဟု ဗိုလ်မှူး စိုင်းလှက ဧရာဝတီကို ပြောသည်။

အစိုးရ တပ်များသည် ဇူလိုင်လဆန်းပိုင်းမှ စတင်၍ ယမန်နေ့ အထိ SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ကြောင်း၊ ယနေ့ တိုက်ခိုက်မှုများကို မကြားသိရသေးကြောင်း၊ SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များ အနေဖြင့် အခြေအနေကို စောင့်ကြည့် လေ့လာ၍ တပ်ဆုတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က တနိုင်ငံလုံး ငြိမ်းချမ်းစေချင်တယ်။ သူတို့ ဒါကို စေတနာ အမှန်နဲ့ ထာဝရ ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်သွားဖို့လိုတယ်” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။

ယခု ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က မန္တလေးမြို့တွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ် အခတ် ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးရန် သဘောတူညီချက် ရရှိထားပြီး နောက်ပိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းဇော်နှင့် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များသည် နှစ်ဘက်တပ်များ ပြန်ဆုတ်၍ အပစ်အခတ် ရပ်စဲ ထားရေး၊ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

SSA မြောက်ပိုင်းသည် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စသည့် ဒေသများတွင် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ်တွင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) ဟူသော လက်နက်ကိုင် အဖွဲ့တခုလည်း ရှိပြီး ယင်း အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က အစိုးရနှင့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပြုလုပ်ထား သော်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အတွင်းရှိ SSA-S တပ်စခန်း ခုကို အစိုးရ ခြေလျင်တပ်ရင်း အမှတ် ၆၅ နှင့်၂၂၅ တို့က ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်၍ ယင်းတပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း SSA တောင်ပိုင်း အရာရှိတဦးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading