ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ကူညီဖြေ ရှင်းပေးရန် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သည့် Organization of Islamic Cooperation (OIC) အဖွဲ့က ယမန်နေ့တွင် တိုက် တွန်း လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နိုင်ငံတကာနှင့် လက်တွဲ၍ အကြမ်းဖက်မှုများကို အရေးယူဆောင်ရွက်ရန်၊ အခင်းဖြစ်ပွားရာ ဒေသများသို့ နိုင်ငံတကာမှ လူ့အခွင့်အရေး အဖွဲ့များ၊ မီဒီယာများ ဝင်ရောက်ခွင့်ရရှိရေး ကူညီဆောင်ရွက်ရန် တို့ကို OIC အထွေထွေ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပြီး ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် တဦးဖြစ်သည်နှင့်အညီ စွမ်းဆောင် နိုင် မည်ဟုလည်း ယုံကြည်ကြောင်း ပြောဆိုသည်ဟု Kuwait News Agency သတင်းဌာနက ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။