ရခိုင်ပြည်နယ် အကြမ်းဖက်မှုများ ဖြစ်ပွားသည့် ကာလအတွင်း ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့(INGO) ဝန်ထမ်း ၁၀ ဦး သည် အာဏာပိုင်များ၏ ဖမ်းဆီးခံထားရကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး(UNOCHA) က ထုတ်ပြန်သည်။ ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်မှု ကူညီပေးနေသည့် နယ်စည်း မခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂကို ကိုးကား၍ The New York Times သတင်းဌာန ကလည်း ဇွန် လ ကုန်ပိုင်း၌ ဖော်ပြခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။