ယမန်နေ့ညတွင် ရဲသတင်း အထူးတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားသော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းနှင့် မဖြိုးဖြိုးအောင်တို့ ၄ ဦးကို ယနေ့ နံနက် ၁၁ နာရီတွင် ဆဲဗင်း ဇူလိုင် အခမ်းအနား ကျင်းပပြီးစီးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ညက ဖမ်းဆီးခေါ်ဆောင်သွားသူ စုစုပေါင်း ၁၄ ဦး ရှိသည်ဟု သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။