• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပညာရေး ပြုပြင်ပြောင်းလဲရန် အမြန်လိုအပ်နေ

by ရန်ပိုင်
7 July 2012
in သတင်း
A A
ပညာရေး ပြုပြင်ပြောင်းလဲရန် အမြန်လိုအပ်နေ

အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင် (ဓာတ်ပုံ - မိုးမခ)

10.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသော ပညာရေးကဏ္ဍနှင့် ပတ်သက်ပြီး မည်သို့ မူဝါဒချမှတ်ပြီး မည်သည့်ဗျူဟာအဆင့်ဆင့်ဖြင့် နိုင်ငံတကာအဆင့်မီ အမျိုးသားပညာရေးစနစ်ကို ထူထောင်သွားမည်ဟူသော ဆွေးနွေးပြောဆိုမှုများ နည်းပါးနေသေးသည်။

သမ္မတဦးသိန်းစိန်၏  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေးပိတ်ဆို့အရေးယူများ ရုပ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတကာအကူအညီများ ပြန်လည်ဝင်ရောက်လာမည့်နည်းတူ ယင်းရေစီးကြောင်းတွင် လူငယ်များ ပါဝင်နိုင်ရေးနှင့် ရေရှည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ အရည်အသွေး မြှင့်တင်ရေးသည်လည်း အလွန်အရေးကြီးသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
316
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.2k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
260

ယခု ပြန်လည်ကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ပညာရေးစနစ်မူဝါဒကို ဖတ်ကြားတင်သွင်းရန် ရှိနေသည့် တချိန်တည်းတွင် မြန်မာပြည်ပညာရေးကို အမြန်ပြန်လည် ပြုပြင်တည်ဆောက်ရေး ပညာရှင်များက လိုလားနေကြသည်။

မကြာသေးခင်က ထုတ်ပြန်ခဲ့သော သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်၏ အိတ်ဖွင့်ပေးစာတွင်  မြန်မာနိုင်ငံ၏ အမျိုးသားပညာရေး အဆင့်အတန်း မြင့်မားခဲ့ပြီး အာရှတွင် ရန်ကုန်တက္ကသိုလ်သည် အကောင်းဆုံးနှင့် အကြီးကျယ်ဆုံး တက္ကသိုလ်တခုဖြစ်ခဲ့ကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို ဧရာဝတီမြစ်နှင့် နှိုင်းယှဉ်ထားပြီး အမျိုးသားအမွေအနှစ်နှင့် အနာဂတ် မျိုးဆက်အတွက် အရေးပါကြောင်း ဖော်ပြထားသည်။

“ဧရာဝတီလိုပါပဲ။ ရန်ကုန်တက္ကသိုလ်ဟာ သူ့ရဲ့ အရင်က ရှိခဲ့တဲ့ ဂုဏ်ရောင်နဲ့ အသွေးရောင်စုံ တော်တော်များများ ပြယ်လွင့်ခဲ့ရသည်” ဟု ဦးမြင့်က ရေးသားထားသည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်များကို လုံခြုံရေးအမြင်နှင့် ထိန်းချုပ်ခဲ့ခြင်းကြောင့် တက္ကသိုလ်၏ လွတ်လပ်မှုနှင့် အနှစ်သာရ ပျောက်ဆုံးနေရကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံစဉ်က ပြောဆိုခဲ့သည်။

တံခါးပိတ်ထားဆဲ ရန်ကုန်တက္ကသိုလ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

“ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လွတ်လပ်ခွင့်တွေလည်း မရှိကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့ အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝတွေဟာ မပီပြင် ပျက်စီးခဲ့ရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ကျောင်းသားဆိုတာမျိုးက ဒီလို ထိန်းချုပ်ထားလို့ မရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တက္ကသိုလ်ဟူသည်၊ ကျောင်းဟူသည် လူငယ်များအတွက် သူတို့ကိုယ်ပိုင် ကမ္ဘာတွေအဖြစ် ဖန်တီးရမှာ ဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာကြီးကို သူတို့ စိတ်ကူးတွေနှင့် ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် ရသင့်ကြောင်း၊ မြန်မာပြည် တက္ကသိုလ် ကျောင်းသား ဘဝများမှာမူ အနှစ်သာရ ကင်းမဲ့နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

အမေရိကန်နိုင်ငံ မြောက်အီလီနွိုက် တက္ကသိုလ်မှ Intellectual  Property Protection (IPR-2001) ကို တက်ရောက်သင်ကြားခဲ့ပြီး ယခုအခါ ရန်ကုန်မြို့တွင် ပညာရေးကဏ္ဍများ၌ ပါဝင်ကူညီဆောင်ရွက်နေသည့် ဒေါက်တာ ကျော်ဇောနိုင်ကလည်း မြန်မာ့ပညာရေး နိမ့်ကျမှုမှာ ကျောင်းသားများ၏ ဉာဏ်ရည်ဉာဏ်သွေးကို ကန့်သတ်ထားသလို ဖြစ်နေသည့် အလွတ်ကျက်ခိုင်းပြီး ပြန်ရေးခိုင်းသောစနစ်အား ယနေ့အထိ လက်ခံကျင့်သုံးနေသောကြောင့်ဟု ဆိုသည်။

“ဒါကို ကျောင်းသားရော ဆရာရောက သဘောကျနေတယ်။ အလားတူ မိဘကလည်း အမှတ်များ ပြီးရောပဲ။ ဒီခေါက်ရိုးကျိုးနေတဲ့ ဆရာ၊ မိဘ၊ ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေကို ပြောင်းပစ်ရမယ်။ မပြောင်းရင် ပညာရေး တိုးတက်ဖို့မလွယ်ဘူး” ဟု ဒေါက်တာကျော်ဇောနိုင်က ပြောသည်။

အစိုးရအဆက်ဆက် ထိုသို့ ခေတ်မီသည့်ပညာရေး အယူအဆအပေါ် အခြေခံပြီး ပြုပြင်ပြောင်းလဲရန် မလုပ်ဘဲ အပေါ်ယံကျသည့် အပြောင်းအလဲကို စနစ်မမှန်ဘဲ လုပ်ကိုင်ခဲ့ခြင်းများကြောင့် ကျောင်းပညာရေး ကမောက်ကမ ဖြစ်နေရကြောင်းလည်း ၎င်းဆိုသည်။

ဒေါက်တာ ကျော်ဇောနိုင်က ဆက်လက်ပြီး  “ဆရာတွေကလည်း ကျောင်းသားတွေကို Critical Thinking ရော၊ Creative Thinking ရော မပေးနိုင်ဘူး၊ သူတို့မှာလည်း မရှိဘူး။ နောက် သင်ရိုးညွန်းတမ်းဆိုတာ အမြဲတမ်း ရှင်သန်နေတယ်။ အခုတော့ တနှစ်လည်းဒါပဲ၊ နောက်တနှစ်လည်း ဒါပဲဖြစ်နေတယ်။ ဒါ ပညာရေးမူဝါဒ အပြောင်းအလဲမြန်မှုရဲ့ အားနည်းချက်နဲ့ ခေါက်ရိုးကျိုးနေတဲ့ ဆရာဗဟိုပြု သင်ကြားမှုစနစ်ကနေ ကျောင်းသားဗဟိုပြု မပြောင်းလဲနိုင်တာတွေကြောင့် ကျောင်းသားတွေမှာ ဝေဖန်ပိုင်းခြား တီထွင်နိုင်တဲ့စွမ်းရည် မရှိတော့ဘူး၊ နောက် တက္ကသိုလ်တွေဟာ လွတ်လပ်မှုမရှိဘဲ ဗဟိုချုပ်ကိုင်မှုအောက်မှာ ရှိနေမှု၊ သင်ရိုးညွန်းတမ်းကို အမြဲတမ်း ခေတ်နဲ့အညီ ဆီလျော်အောင် မပြုပြင်နိုင်မှုတော့ကြောင့် ဖြစ်တယ်” ဟု ဆိုသည်။

“နောက်တခုက ပြည်သူနီတိ မသင်တဲ့ အချိန်ကစပြီး ပညာရေးအတွေးအခေါ် ပျက်သွားတော့ ဒါကို သင်ကိုသင်ရမယ်။ ကျောင်းသားတွေလည်း စာကြည့်တိုက် သုံးတတ်ဖို့ သင်ရမယ်။ အခုပညာရေး အခြေအနေက ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နိမ့်ကျရုံတင်မကဘူး ကျနော်တို့နိုင်ငံမှာ ပညာရေး ရှိပါသေးရဲ့လားလို့တောင် မေးခွန်းထုတ်ရမယ့် အခြေအနေပဲ” ဟုလည်း ဒေါက်တာ ကျော်ဇောနိုင်က ပြောသည်။

ပညာရေးမြှင့်တင်ရေးနှင့် ပတ်သက်သည့် အခန်းကဏ္ဍတွင် သင်တန်းများပေးခြင်း၊ စာအုပ်စာတမ်းများ ရေးသားပြုစုခြင်းများ ပြုလုပ်ခဲ့ပြီး မကြာသေးမီက အားလုံးအတွက် ပညာရေးနှင့် တိုင်းပြုပြည်ပြုဆောင်းပါးများ ဆိုသည့် ပညာရေးကဏ္ဍ တိုးတက်စေရန် ရည်ရွယ်၍ စာအုပ်ရေးသားခဲ့သူ အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင်ကလည်း “ပညာရေးနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရရင် (၁) ညံ့တယ်၊ (၂) ညံ့တယ်၊ (၃) ညံ့တယ်။ ဘာကြောင့်ညံ့လည်းဆိုတော့ ပိတ်ထားလို့။ ပညာရေးစနစ်ကို မညံ့ချင်ရင် မူလတန်းကစပြီး ပြင်ရမယ်။ ပြင်ဖို့ကောင်းတာ ၂ ပိုင်းရှိတယ်။ အမြစ်ကလှန်ပြီး ပြင်ရလိမ့်မယ်။ တို့ကနန်း၊ ဆိတ်ကနန်း လုပ်လို့မရဘူး” ဟု ဆိုသည်။

အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင် (ဓာတ်ပုံ – မိုးမခ)

ယခု ဧရာဝတီက အင်တာဗျူး ပြုလုပ်နေချိန်တွင် ရန်ကုန်မြို့ ဗဟန်း ရွှေဂုံတိုင်ရှိ SSC အထူးကုဆေးရုံကြီး၌ ဆီးချိုရောဂါကို တက်ရောက်ကုသနေရသော ဒေါက်တာ ဒေါ်မြင်မြင့်ခင်က “ကျမအလိုအရ ဖြေရရင် အမြစ်ကလှန်ပြီး အကုန်ပြင်ရမယ်။ အခုဟာကတော့ ဒီလိုမေးမယ်၊ ဒီလိုကျက်၊ ဒီလိုဖြေ၊ ဒီလိုအောင် ဖြစ်နေတယ်၊ နှုတ်တိုက်အာဂုံဆောင်တာကို ပယ်ဖျက်ရမယ်၊ သင်ကြားပုံနဲ့ သင်ယူပုံနည်းနာကို ပြင်ရမယ်။ သင်တန်းအခန်းထဲမှာ ဆရာကရွတ် သူကပြန်ဆို စနစ်ကိုပြင်ရမယ်။ နောက် စာမေးပွဲစစ်တဲ့ပုံစံကို ပြင်ရမယ်။ အဲဒီလိုသာပြင်ရင် တော်ရုံအဆင့်တခုကို မြှင့်နိုင်လိမ့်မယ်လို့ထင်တယ်” ဟု ပြောဆိုသည့် အပြင် ပညာရေးအသုံးစရိတ် ပိုသုံးရန်လည်း တိုက်တွန်းသွားသည်။

သမိုင်းသုတေသနဌာနတွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၉၀ အရွယ် ဒေါ်ကြန် မြန်မာစာအဖွဲ့ဝင်) ကလည်း “ပညာရေးကျဆင်းတယ်ဆိုတာ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့အခြေအနေတွေနဲ့ ဆိုင်တယ်” ဟု ဝေဖန်ထောက်ပြကာ “ကျမတို့ ဟိုတုန်းက ကျွန်ပညာသင်ရပေမယ့် အခုကလေးတွေကိုတော့ နိမ့်တယ်လို့မြင်တယ်။ ဟိုတုန်းကတော့ အခုခေတ်လို ကျူရှင်တွေဘာတွေ မရှိဘူး၊ ဒီလိုပဲသင်ရတာ။ တတ်စရာရှိရင် အခုခေတ်ကလေးတွေက ပိုတတ်ရမယ်၊ တခုခုမှားလို့ပဲ။ ပြုပြင်ရမယ်” ဟု ဧရာဝတီသို့ ပြောကြားသွားခဲ့သည်။

Your Thoughts …
Tags: Education
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
140.8k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.1k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.5k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post
အတားအဆီးများကြားမှ ဆဲဗင်း ဇူလိုင် အခမ်းအနား ကျင်းပ

အတားအဆီးများကြားမှ ဆဲဗင်း ဇူလိုင် အခမ်းအနား ကျင်းပ

ဦးရွှေမန်း စစ်တွေသို့ သွားရောက်

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate