ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇူလိုင် ၇ ရက်နေ့က သွားရောက်ခဲ့ကြောင်း သိရသည်။ ဒေသခံ ဒုက္ခသည်များအတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ သုံးရက်စာ စရိတ် ကျပ် သိန်း ၁၂၀ ကျော်ကို လှူဒါန်းရန် လာရောက်ခြင်းဖြစ်ကြောင်း နိရဉ္ဇရာ သတင်းက ဖော်ပြသည်။ မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင် မြို့များသို့လည်း သွားရောက်မည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။