ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယ ဗိုလ်ချူပ်မှူးကြီးဟောင်း မောင်အေးသည် ယနေ့ စင်္ကာပူနိုင်ငံသို့ သွားရောက်၍ ဆေးကုသမည်ဖြစ်ကြောင်း သတင်းရသည်။ ၎င်းသည် ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက ရုတ်တရက် နာမကျန်းဖြစ်ပြီး တပ်မတော် စစ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေခဲ့ရကြောင်း အစိုးရနှင့်နီးစပ်သည့် နေပြည်တော် အသိုင်း အဝိုင်းမှ သိရသည်။ ဒုတိယ ဗိုလ်ချူပ်မှူးကြီး မောင်အေးသည် စစ်တက္ကသိုလ်(DSA) အပတ်စဉ် ၁ ဆင်းဖြစ်ပြီး အသက် ၇၄ နှစ် ခန့်ရှိပြီဖြစ်သည်။ ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁ အထိမ်းအမှတ် အခမ်းအနားကို ပြီးခဲ့သည် ဇွန်လ ၁ ရက် နေ့ က ကျင်းပခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။