သတင်းတို

ရခိုင်ဒေသ သေဆုံးခဲ့သည့် ရိုဟင်ဂျာ အရေး စုံစမ်းစစ်ဆေးရန် တိုက်တွန်း

This article has been converted from Zawgyi One to Unicode

ရခိုင်ဒေသ ပဋိပက္ခများအတွင်း သေဆုံးခဲ့သော ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး တရား ဥပဒေနှင့်အညီ အမြန်ဆုံး စုံစမ်း စစ်ဆေးရန် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သည့် Organization of Islamic Cooperation (OIC) အဖွဲ့က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။ ယင်း ကိစ္စကို နိုင်ငံတကာ အနေနှင့်ပါ ကြားဝင်ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း OIC အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ပြောကြားသည်ဟု Arab News သတင်းတွင်း ရေးထားသည်။ ပြီး ခဲ့သည့် ဇူလိုင် ၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့်အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ကူညီဖြေ ရှင်းပေးရန် OIC က တိုက်တွန်း ခဲ့သေးသည်။

Loading