သတင်းတို

ဒုတိယ ကမ္ဘာစစ်က အင်္ဂလိပ် တိုက်လေယာဉ်များ ရှာတွေ့

This article has been converted from Zawgyi One to Unicode

ဒုတိယ ကမ္ဘာ စစ်အတွင်းက မြန်မာပြည်တွင်း မြေအောက်၌ လျှို့ဝှက်စွာ သိမ်းဆည်းထားခဲ့သော ဗြိတိသျှ စပစ်ဖိုင်းရား(Spitfire) တိုက် လေယာဉ် ၃၆ စီးကို ရှာဖွေတွေ့ရှိကြောင်း သိရသည်။ ယင်းလေယာဉ်များကို ဗြိတိန်ရှိ ပြတိုက်တွင် ထားရှိရန် မြန်မာအစိုးရနှင့် သဘောတူညီထားကြောင်း၊ ပြီးခဲ့သည့် ဧပြီလ အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မြန်မာ နိုင်ငံသို့ လာရောက်စဉ် သဘောတူညီချက်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

Loading