သတင်းတို

ကျောက်ဖြူတွင် ကျောင်းသားများ ဆန္ဒပြ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် ဂုံးချိန် အ.ထ.က ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် ယနေ့ နံက် ၇ နာရီ ဝန်းကျင်က ဆန္ဒပြကြောင်း သိရသည်။ ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဂုံးချိန် အ.ထ.က သို့ သွားရာလမ်းများ အားလုံး ပျက်စီးနေကြောင်း၊ ထို့ကြောင့် ကျောင်းသားများ ကျောင်း သွားရန် အခက်အခဲများ ဖြစ်နေသည့် အတွက် လမ်းများကို အမြန်ဆုံး ပြပြုင်ပေးပါ ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြ တောင်းဆိုခြင်းဖြစ်ကြောင်း ဒေသခံများ က ပြောသည်။ ဆန္ဒပြရာသို့ ဒေသ အာဏာပိုင်များက သွားရောက် ညှိနှှိုင်းနေကြောင်း၊ ဆန္ဒပြသူများအား ယခု အချိန်အထိ ဖမ်းဆီး အရေးယူမှု မရှိသေးကြောင်း သိရသည်။

Loading