အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ အဆင့်မြင့် အရာရှိ နှစ်ဦး မြန်မာနိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Robert Hormats နှင့် နိုင်ငံတကာ ကုန် သွယ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Francisco Sanchez တို့ နှစ်ဦး ဖြစ်ပြီး လာမည့် စနေ၊ တနင်္ဂနွေ ရက်များ တွင် သွားရောက်မည်ဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ သွားရောက်ခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် စီးပွားရေးမြှင့်တင်မှုအတွက် ကူညီ ထောက်ပံ့ရန် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။