ထိုင်းနိုင်ငံ ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn သည် ယမန်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီး နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံသည်။ နှစ်နိုင်ငံ တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ခိုင်မာရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော် ပြသည်။ ထို့အပြင် ထိုင်း ကာကွယ်ရေး ဦးစီးချုပ်သည် မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်း သီးခြားတွေ့ဆုံသေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။