လစ်လပ်သွားသော ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နေရာအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ် စားလှယ်များက ရွေးချယ်လိုက်ကြောင်း သတင်းရရှိသည်။ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင် ၁ ရက်မှ စ၍ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြောင်း၊ သမ္မတ ရုံးမှ ဇူလိုင် ၂ ရက်တွင် ပြည်ထောင်စု လွှတ်တော် နာယက ထံ အကြောင်းကြားခဲ့ သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၇ ရက် အတွင်း အစားထိုး ခန့်အပ်ရန် ရွေးချယ်ရမည်ဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန် ကြေညာသည်။ ထို့ကြောင့် ဒု သမ္မတ သစ် ၏ အမည်စာရင်းကို ဇူလိုင် ၁၀ ရက်နောက်ဆုံးထား တင်သွင်း ရမည် ဖြစ် ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ညွှန်ကြားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။