သတင်းတို

ဦးသိန်းစိန် ထိုင်းခရီးစဉ် ဇူလိုင် လကုန်ပိုင်း သွားရောက်ရန်ရှိ

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ သွားရောက်မည့် ခရီးစဉ်ကို လာမည့် ဇူလိုင် ၂၂ ရက်တွင် စတင် ဖြစ်ကြောင်း သိရ သည်။ ယင်းခရီးစဉ်သည် ပြီးခဲ့သည့် မေလ ကုန်ပိုင်းက ဘန်ကောက်မြို့တွင် ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်(WEF) အခမ်း အနား တက်ရောက်ရန် အစီအစဉ်မှ ရွှေ့ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း၊ WEF အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောသည့် အစီအစဉ်ကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။

Loading