• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဘက်မှ ရခိုင်ရွာများ ကိုယ်တိုင် လုံခြုံရေး ယူနေရဆဲ

by ငြိမ်းချမ်း
11 July 2012
in သတင်း
A A
ဘင်္ဂလားဘက်မှ ရခိုင်ရွာများ ကိုယ်တိုင် လုံခြုံရေး ယူနေရဆဲ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပဋိပက္ခဖြစ်ပွားသည့် ဇွန်လအတွင်းက ဒေသခံ တိုင်းရင်းသူများ ရရာလက်နက် စွဲကိုင်၍ မိမိကိုယ်ကိုယ် ကာကွယ်ရန် အသင့်ပြင်ထားခဲ့ကြစဉ် (ဓာတ်ပုံ - Reuters)

1.7k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းရှိ ရခိုင်ရွာများတွင် ရခိုင်ပြည်နယ်ပဋိပက္ခ တလပြည့်ခဲ့သည့်တိုင် အာဏာပိုင်များ အကူအညီဖြင့် ကိုယ်ထူကိုယ်ထ လုံခြုံရေးယူနေရဆဲ ဖြစ်ကြောင်း သိရသည်။

Rakhaing Welfare Association ၏ မြစ်နားရွာ ဌာနခွဲ စည်းရုံးရေးမှူး ကိုအောင်ကျော်ဇောက ဘင်္ဂလားနယ်စပ်ဘက်မှ ရခိုင်ရွာများ၏ တည်ငြိမ်အေးချမ်းရေးသည် မောင်တောဘက်မှ တည်ငြိမ်ချမ်းရေးနှင့် တဆက်တည်းရှိနေကြောင်း ဧရာဝတီသို့ ပြောသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
8
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
548
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
80

ကိုအောင်ကျော်ဇောက “အခုအခါ ဒီနားကင်းကို ရုပ်သိမ်းလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောင်တောမှာ အခြေအနေ တမျိုးတဖုံဖြစ်လာပြီဆိုမှ ရုပ်သိမ်းလို့ရပါမယ်။ မောင်တောမှာ တခုခုဖြစ်တယ်ဆိုရင် ဒီအနီးအနားမှာ ဒုက္ခသည်စခန်းရှိတယ်၊ အဲဒီကနေ ၅ ယောက် ၁၀ ယောက်လောက်က စပြီး အော်ဟစ်တယ်ဆိုရင် ကျန်တဲ့လူတွေလည်း ပါလာကြမှာပဲ” ဟု ပြောသည်။

“မြစ်နားရွာ၊ ခြံချောင်း နှစ်ရွာက သီးခြားဖြစ်နေလို့ ကင်းစောင့်နေရတယ်။ တက္ကနာဘက်မှာရှိတဲ့ ရခိုင်တွေကျတော့ ဘင်္ဂလားတွေနဲ့ ရောနေလို့ ကင်းစောင့်ဖို့ မဖြစ်နိုင်ဘူးလေ။ စိုးရိမ်မှုရှိတယ်။ ဒါပေမယ့် သူတို့က ကိုယ်အသိနဲ့ ကိုယ်ဉာဏ်နဲ့ နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

မြစ်နားရွာသား ကိုသာသာမောင်က “ရခိုင်ပြည်အခြေနေက နည်းနည်းလောက် ဆိုးနေပါသေးတယ်။ ကျနော်တို့ရွာကို သတိနဲ့နေဖို့ ဒေသခံအာဏာပိုင်တွေက ခိုင်းထားတယ်။ ဒေသခံ အာဏာပိုင်တွေ ပြောတာကတော့ ကိုယ်ရွာကိုယ် ကင်းစောင့်ထားမယ်ဆို ပိုကောင်းမယ်ဆိုပါတော့။ ရဲတွေ၊ Border Guard of Bangladesh (BGB) တွေကတော့ တခေါက်စီ လာစစ်တယ်။ အထက်ကလည်း တရက်မှာတခေါက် ကားနဲ့လာကြည့်တယ်။ ရဲတွေကလည်း လမ်းမှာ အမြဲတမ်းစောင့်လို့ရတယ်” ဟု ပြောသည်။

ကင်းစောင့်ပြီး လုံခြုံရေးယူနေရဆဲ ရွာများမှာ မြစ်နားရွာ၊ ခြံချောင်း၊ တက္ကနာ၊ နေလ၊ နခေါင်းချောင်းစသည့် ရွာများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းများနှင့် နီးကြောင်း သိရသည်။

ဘင်္ဂါလီ ဒုက္ခသည်များ လာရောက်ရန်ရှာမည်ကို စိုးရိမ်သည့်အပြင် ခေတ်မကောင်းသဖြင့် ဓားပြရန်ကိုလည်း ကြောက်ရသောကြောင့် ကင်းစောင့်ရခြင်းလည်း ဖြစ်သည်ဟု ခြံချောင်းရွာက ဦးမောင်ထွန်းခိုင်က ပြောသည်။

“အခုက ရွာမှာ ကင်းစောင့် နေကြပါတယ်။ ရွာသားတွေ စောင့်နေကြတယ်။ ဒီရွာမှာ ၃ ဘက် စောင့်တယ်။

ရခိုင်ပြည်မှာ ပြသနာစဖြစ်ကတဲ့က စောင့်ရတာပါ။ ရွာသားတွေက ကိုယ်ရွာအေးချမ်းရအောင် စောင့်ကြတာပါ။ အဲဒီဘက်က ဓားပြတွေ လာမှာကိုလည်း စိုးရိမ်ကြတယ်။ အဲဒါကြောင့် ကင်းစောင့်ကြတာပါ။ ညထမင်းစားပြီး ၇ နာရီလောက်ကနေ မိုးတလင်း စောင့်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရွာလုံခြုံရေး ကင်းစောင့်ရသည့်အတွက် တာဝန်ပိုသည့်အပြင် မြန်မာဘက်က နယ်စပ်ကို ပိတ်ထားသည်မှာ တလကျော်ပြီဖြစ်၍ ရွာသားများ စီးပွားရေးကျပ်တည်းနေကြောင်း သိရသည်။

ကိုအောင်ကျော်ဇောက “အလုပ်အကိုင်နဲ့ ပတ်သက်လို့ကတော့ ကျပ်တည်းတယ်ပေါ့။ ကင်းစောင့်ရတယ်ဆိုတော့ မိုးလင်းရင်  လုပ်မသွားနိုင်တော့ဘူးလေ။ နောက်ပြီးတော့ အရင်တုန်းကလို စီးပွားရေးက ဖွွံ့ဖွံ့ဖြိုးဖြိုးပုံစံမျိုး မရှိတော့ဘူးလေ။ ကင်းစောင့်နေတဲ့ အချိန်ရွာကလည်း သူတို့က ညမှာလိုအပ်တဲ့ ဆေးလိပ်၊ မုန့်ပဲသရေစာ စတာတွေ ပံ့ပိုးနေရတယ်” ဟု ပြောသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်း ရခိုင်လူဦးရေ ၅ သောင်းခန့်ရှိပြီး ကော့စ်ဘဇာ၊ တက္ကနာ၊ မြစ်နားရွာ၊ ခြံချောင်း၊ နေလ၊ နခေါင်းချောင်း၊ ရာမူ (ခေါ်) ပန်းဝါ၊ ငရကြီး၊ ရဲစု၊ သော်ဒီဂျာဒေသက မော်ရွာ၊ ကျောင်းနားရွာ၊ အထက်ရွာ၊  မဟားဇိုးကျွန်းပေါ်မှ မဒီချောင်း၊ ဘူလီချောင်း၊ သံသီးရွာ၊ ရွားကြီး၊ အောက်ရွာ စသော ကျေးရွာများတွင် နေထိုင်ကြကြောင်း သိရသည်။

Your Thoughts …
Tags: Rakhine State
ငြိမ်းချမ်း

ငြိမ်းချမ်း

Contributor

Similar Picks:

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

Next Post
အမေရိကန်ကုမ္ပဏီများ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနိုင်တော့မည်

အမေရိကန်ကုမ္ပဏီများ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံနိုင်တော့မည်

ဒု သမ္မတလောင်း ဦးမြင့်ဆွေကို ဘယ်လိုမြင်ကြသလဲ

ဒု သမ္မတလောင်း ဦးမြင့်ဆွေကို ဘယ်လိုမြင်ကြသလဲ

Please login to join discussion
No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate