• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
in သတင်း
A A
01
02
03
MYANMAR-VIOLENCE/
05
06
07
08
4.9k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ ရခိုင်တိုင်းရင်းသူ မသီတာထွေးကို လူ ၃ ဦးက အဓမ္မပြုကျင့်၍ ပစ္စည်းယူ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နှင့် ဆက်နွယ်ပြီး တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
224
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
488
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
191

၂၀၁၂ ၊ ဇူလိုင် ၈ ရက်။
မောင်တောမြို့မှ စတင်ခဲ့သော အကြမ်းဖက်မှု တလပြည့်သည်။ ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သည့် အဓိကရုဏ်းများအတွင်း သေ ဆုံးခဲ့ကြသည့် ဒေသခံတိုင်းရင်းသားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နှင့်ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် စစ်တွေ အပါအဝင် ရခိုင်တပြည်လုံး၌ သာသနာ့အလံများ လွှင့်ထူပြီး ဂုဏ်ပြုခဲ့ကြသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည့် သာမန်အရပ်သား စစ်တွေဒေသခံ ၃၀ ကျော်ကို စစ်တွေ တရားရုံး၌ ရုံးထုတ်၍ လူ ၁၀ ဦးခန့် ထောင်ဒဏ် ၆ လ ချမှတ်သည်။

၂၀၁၂ ၊ ဇူလိုင် ၆ ရက်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှုများ ဖြစ်ပွားသည့်ကာလအတွင်း ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့(INGO) ဝန်ထမ်း ၁၀ ဦး သည် အာဏာပိုင်များ၏ ဖမ်းဆီးခံထားရကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီပေးရေး ကွပ်ကဲမှုရုံး(UNOCHA) က ထုတ်ပြန်သည်။

၂၀၁၂ ၊ ဇွန် ၂၈ ရက်။
ရခိုင်ဒေသ ဒုက္ခသည်များအား ကျန်းမာရေး ကိစ္စ ကူညီပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့်ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဝန်ထမ်း ၆ ဦး စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံထားရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ယမန်နေ့တွင် ပြောဆိုကြောင်း အမေရိကန် ထိပ်တန်းသတင်းစာ The New York Times သတင်းက ဖော်ပြထားသည်။

၂၀၁၂ ၊ ဇွန် ၂၇ ရက်။
စစ်တွေမြို့ပေါ်ရှိ ဈေးတချို့မှ ဘင်္ဂါလီဈေးဆိုင်များကို ပြည်နယ်အစိုးရ၊ ဒေသ အာဏာပိုင်များ ဦးဆောင်၍ စစ်တွေမြို့ ပြင် ရှိ ဘင်္ဂါလီများ နေထိုင်ရာ သဲချောင်း၊ သက္ကပြင် ကျေးရွာများသို့ ပြောင်းရွှေ့ပေးခဲ့သည်။ နေအိမ် မရှိသူများအာတွက် စခန်းများ တည်ဆောက်၍ နေရာချထားပေးသည်။

၂၀၁၂ ၊ ဇွန် ၁၉ ရက်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥပရောပနိုင်ငံများသို့ခရီးထွက်ပြီး ထိုခရီးစဉ်၌ ရခိုင် ပြည်နယ် အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတကာ မီဒီယာများ၏ မေးခွန်းများကို ဖြေဆိုခဲ့သည်။ ဆွစ် ဇာ လန် နိုင်ငံ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ရခိုင်ဒေသ ပဋိပက္ခများသည် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ် သည်ဟု ပြောဆိုသွားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင်လာရောက်နေထိုင်ကြသည့် ဘင်္ဂါလီ လူမျိုးများအား နိုင်ငံသား ဖြစ်ခွင့်နှင့်ပတ်သတ်၍ ဖြေဆို ရာ၌ ထိုကိစ္စသည် နိုင်ငံသား ဖြစ်ခွင့်အတွက် ပြဌာန်းထားသည့် ဥပဒေ အတိုင်းသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ရသေ့တောင် မြို့နယ်ရှိ အလယ်ရွာကို ဘင်္ဂါလီများက မီးရှှို့ခဲ့ရာမှစတင်၍ ပဋိုပက္ခဖြစ်ပွားကြရာ ကူတောင် ကျေး ရွာမှ ရခိုင် တိုင်းရင်းသား ၁၂ ဦး အသတ်ခံရသည်။ ထိုလူသတ်မှုနှင့်ပတ်သက်၍ သင်္ကာမကင်းခံရသူ အနောက်ပြင် ကျေးရွာ မှ ဘာသာ ရေး ခေါင်းဆောင် တချို့နှင့် ရွာသား ၂၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် အခက်အခဲ ဒုက္ခ ကြုံရသူပေါင်း ၉၀၀၀၀ ခန့်ရှိပြီး အကူအညီများ လို အပ် နေကြောင်း၊ အရေးပေါ် အကူအညီ လိုအပ်နေသည့် ဒုက္ခသည်ပေါင်း ၆၆၀၀၀ ခန့်အတွက် အစားအသောက် အကူအညီ များကို ဖြန့်ဝေပေးခဲ့ကြောင်း၊ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Elisabeth Byrs က ပြော ဆိုသည်။

၂၀၁၂ ၊ ဇွန် ၁၈ ရက်။
မသီတာထွေးကို အဓမ္မပြုကျင့် ပစ္စည်းယူ သတ်ဖြတ်မှု ကျူးလွန်သူ ၃ ဦးအား ကျောက်ဖြူ ခရိုင် တရား ရုံးက သေဒဏ် ချမှတ် သည်။

၂၀၁၂ ၊ ဇွန် ၁၅ ရက်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် မေလ ၂၈ ရက်မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ လူစု လူဝေးမှု ၇၈ ကြိမ်၊ သေဆုံးသူ ၅၀ ၊ ထိခိုက် ဒဏ်ရာရသူ ၅၄ ဦးရှိပြီး အဆောက်အအုံ ၂၂၃၀ ဆုံးရှုံးကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။

၂၀၁၂ ၊ ဇွန် ၁၁ ရက်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ရခိုင်နှင့် မြန်မာ တိုင်းရင်းသားများက ရန်ကုန်မြို့တော် ခန်းမ၊ ရွှေတိဂုံ ဘုရား ရင်ပြင်တို့တွင် ငြိမ်းချမ်းစွာ ဆုတောင်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်သည်။

ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် ရခိုင်ဒေသတွင်း ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သော ရေကြောင်း၊ ကုန်းကြောင်းနှင့် လေကြောင်းလိုင်း တချို့ကို ပိတ်ပင်သည်။

မသီတာထွေး သတ်ဖြတ်ခံရမှုနှင့် တရားစွဲခံထားရသည့် ၃ ဦးထဲမှ ရှောင်ရှှုး(ခ) ထက်ထက်(ခ) ဖြိုးဇေယျာကျော်သည် ကျောက် ဖြူ အကျဉ်းထောင်တွင်း၌ ဇွန်လ ၉ ရက်နေ့ ညနေတွင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း အစိုးရ သတင်းစာ များက ဖော်ပြသည်။

၂၀၁၂ ၊ ဇွန် ၁၀ ရက်။
မောင်တောမြို့အကြမ်းဖက်မှု အပါအဝင် ဒေသတချို့၌ အကြမ်းဖက် လုပ်ရပ်များ ဖြစ်ပေါ်နေသည့် အတွက် ရခိုင်ပြည်နယ်ကို နိုင်ငံတော် သမ္မတ က အရေးပေါ် အခြေအနေ ကြေညာသည်။

၂၀၁၂ ၊ ဇွန် ၉ ရက်။
စစ်တွေမြို့နှင့် ဒေသတဝိုက်ရှိ ရပ်ကွက်များ၊ ကျေးရွာများနှင့် ဈေး တချို့ မီးရှှို့ခံရခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းများ ဆက်လက် ဖြစ်ပွားသည်။

၂၀၁၂ ၊ ဇွန် ၈ ရက်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ်များကို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် စတင် ထုတ်ပြန်သည်။
မောင်တော မြို့ပေါ်၌ အကြမ်းဖက်မှုများ စတင် ဖြစ်ပေါ်သည်။ မြို့ပေါ်ရှိ ဘုန်းကြီးတချို့နှင့် ရပ်ကွက်တချို့မီးရှှို့ဖျက်ဆီးခံခဲ့ရခြင်း၊ မောင်တောမြို့နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ ကျေးရွာ ၂၀ ဝန်းကျင် မီးရှှို့ခံရခြင်း၊ ဒေသခံ တိုင်းရင်းသား ၇ ဦး အသတ်ခံရပြီး ၁၀ ဦးကျော် ဒဏ်ရာရခြင်း ဖြစ်ပေါ်သည်။

မောင်တောအကြမ်းဖက်မှုကို ဦးဆောင်ခဲ့သည်ဟုဆိုကာ အစ္စလမ် ဘာသာရေး ခေါင်းဆောင် နုရ်ဟောက်(ခ)ဒေါက်တာ ထွန်း အောင်ကို ဒေသဆိုင်ရာ အာဏာပိုင်များ က ဖမ်းဆီးသည်။

မောင်တော၌ အကြမ်းဖက်မှုများကြောင့် အိုးအိမ်များ မီးရှို့ ဖျက်ဆီးခံခဲ့ရသော ဒုက္ခသည်များအား မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများ၌ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ ကူညီစောင့်ရှောက် ထားသည်။

မသီတာထွေး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦးအား အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ လူသတ်မှု ပုဒ်မ ၃၀၂၊ ပစ္စည်း လုယူမှု ပုဒ်မ ၃၉၂ တို့ဖြင့် ကျောက်ဖြူ ခရိုင် တရားရုံး၌ တရားစွဲဆို၍ စတင် စစ်ဆေးသည်။

၂၀၁၂ ၊ ဇွန် ၆ ရက်။
အစိုးရက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းသည်။ ယင်းအဖွဲ့ကို ပြည်ထောင်စုအဆင့် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိချုပ် ဦးစံရွှေမောင်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း၊ ပြည် နယ် ထောင် အုပ်စုမှူး၊ ပြည်နယ် အထူးစုံစမ်းရေး ဦးစီးဌာန အဖွဲ့ဝင်များ စသည်ဖြင့် ဌာနဆိုင်ရာအကြီးအကဲ ၁၆ ဦးဖြင့် ဖွဲ့စည်း သည်။
ထိုအဖွဲ့သည် တောင်ကုတ်မြို့၌ သီတင်း နှစ်ပတ်ခန့် ရုံးထိုင်၍ သင်္ကာမကင်းသူ တောင်ကုတ်ဒေသခံ ၅၀ ဝန်းကျင်ကို ခေါ်ယူပြီး စစ်ဆေး မေးမြန်းခြင်း၊ မှတ်တမ်းတင်ခြင်းတို့ လုပ်ဆောင်၍ နိုင်ငံတော် သမ္မတ ထံ အစီရင်ခံသည်။

တောင်ကုတ် လူ ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး အစိုးရ မြန်မာ့အလင်း သတင်းစာပါ “မွတ်ဆလင် ကုလား” အသုံးအနှုန်း အမှားပြင်ဆင်ချက် အနေနှင့်“ ပြည်တွင်းနေ အစ္စလမ် ဘာသာ ကိုးကွယ်သူ”ဟု ပြန်လည် ဖော်ပြထားသည်။

၂၀၁၂ ၊ ဇွန် ၅ ရက်။
တောင်ကုတ် လူ ၁၀ ဦး အသတ်ခံရမှုကို“သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ် ဆလင် ကုလား ၁၀ ဦး အသတ်ခံရ” ဟူသည့် သတင်းခေါင်းစဉ် ဖြင့် အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။ “မွတ်ဆလင် ကုလား” အသုံးနှင့် ပတ်သက်ပြီး ဆန္ဒုပြမှုများ၊ ဝေဖန်ပြောဆိုမှုများ ဖြစ်ပွားသည်။

၂၀၁၂ ၊ ဇွန် ၃ ရက်။
စစ်တွေမြို့ နာဇီဈေး၌ ဈေးခွန် အဆမတန်ကောက်ခံမှုကို ဦးဆောင်ကန့်ကွက်သူအား မသမာသူလူတစုက ဖမ်းဆီးခေါ်ဆောင် သွားသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး ရဲစခန်းမှ တာဝန်ယူဖြေရှင်းပေးရန် ဒေသခံများက ဆန္ဒပြ တောင်းဆိုသည်။

ဖမ်းဆီးခံထားရသည်ဟုဆိုသော ဦးအောင်သန်းဝေ ရဲစခန်းအတွင်း ရှိကြောင်း တာဝန်ရှိသူများက ပြောဆိုသည့်အတွက် ဒေသ ခံ တချို့ပြန်သွားသော်လည်း လူတစုက ရဲစခန်းကို ခဲများဖြင့် ပစ်ပေါက်ခြင်း၊ နီးစပ်ရာဈေးဆိုင်တချို့ကို ဖျက်ဆီးခြင်းတို့ကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲရာ ၁၁ ဦး ဒဏ်ရာ ရရှိသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ ၄ ဦးကို ဆေးကုသရန် ရန်ကုန်မြို့သို့ ပို့ဆောင်သည်။

မသီတာထွေး အသတ်ခံရမှုနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌ သံတွဲမှလာသည့် မွတ်စလင် လူမျိုး ၁၀ ဦး အသတ်ခံရမှု ဖြစ်ပွားသည်။

၂၀၁၂ ၊ မေ ၃၀ ရက်။
မသီတာထွေးကို သတ်ဖြတ်ခဲ့သည့် တရားခံအစစ်များကို ပြည်သူ့ ရှေ့မှောက် ထုတ်ပြပေးရန် ဒေသခံ ၇၀၀ ခန့် ကျောက်နီမော် ရဲစခန်းအား ဝိုင်းဝန်း၍ ဆန္ဒပြခြင်း၊ ရမ်းဗြဲမြို့ အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက် ဆန္ဒပြခြင်းတို့ကို လုပ်ဆောင်သည်။

၂၀၁၂ ၊ မေ ၂၈ ရက်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် သပြေချောင် ကျေးရွာမှ အသက်၂၆ နှစ်အရွယ် မသီတာထွေးကို လူ ၃ ဦး က အဓမ္မပြုကျင့်၍ ပစ္စည်းယူ သတ်ဖြတ်ခြင်း ဖြစ်ရပ်တခု ဖြစ်ပွားသည်။

ပြစ်မှု ကျူးလွန်သူ ၃ ဦးမှာ ကျောက်ထရံကျေးရွာမှ ရော်ဖိ၊ လူယု နှင့် ရှောင်ရှှုး(ခ) ထက်ထက်(ခ) ဖြိုးဇေယျာကျော်တို့ ဖြစ်သည်။

Your Thoughts …
Tags: Rakhine State
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.3k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

လက်နက်ကိုင် မူဂျာဟစ်များ မြန်မာ့မြေပေါ်တွင် မရှိဟု ကျွမ်းကျင်သူများ ပြောဆို

by ဧရာဝတီ
16 July 2013
6.3k

မွတ်ဆလင် စစ်သွေးကြွအချို့က အင်ဒိုနီးရှားနိုင်ငံမှ အခြေခံဝါဒီ အုပ်စုများထံမှ အကူအညီ ရရှိနိုင်ရန် ကြိုးစားနေသည် ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ရိုဟင်ဂျာများက တိုက်ခိုက်ရန် လုပ်ဆောင်နေ ဆိုသည်မှာ မဖြစ်နိုင်ဟု ဆိုကြသည်။

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

နေပူတောင် ကျောက်ထုတ်စီမံကိန်း ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

by ခင်ဦးသာ
27 March 2013
5.6k

လက်ပံတောင်းတောင် စီမံကိန်းလို ပဋိပက္ခတွေ ကြီးထွားလာစေနိုင်တယ်။ ရခိုင်ပြည်သူတွေက ဒီတောင်ကို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တောင်လို့ သိထားကြတော့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင် ပြဿနာတွေ ကြီးထွားလာနိုင်တဲ့ အတွက် ဆိုင်းငံ့ထားဖို့ တင်ပြတာပါ

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေရှ် – မြန်မာနယ်စပ် ပန်းဝါတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

by ငြိမ်းချမ်း
1 October 2012
6.7k

“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း...

ရခိုင်ရှိ မွတ်စလင်များ ကလေးနှစ်ယောက်သာ ယူရေး ဦးခင်ရီ ထောက်ခံ

ရခိုင်ရှိ မွတ်စလင်များ ကလေးနှစ်ယောက်သာ ယူရေး ဦးခင်ရီ ထောက်ခံ

by ဂျေဆင်ဇပ်နှင့် အင်ဒရူးမာရှယ်
12 June 2013
3.9k

အကယ်၍ ကလေး နှစ်ယောက်ထက် ပိုနေသည်ကို အာဏာပိုင်များက စစ်ဆေးတွေ့ ရှိသွားလျှင် နာမည်ပျက်စာရင်းသွင်းပြီး အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရသည်။

Next Post

တရုတ် လုံခြုံရေး ဝန်ကြီးနှင့် ဦးသိန်းစိန် နယ်စပ်တည်ငြိမ်ရေး ဆွေးနွေး

ရခိုင်ဒေသ အကြမ်းဖက်မှု ဥပဒေနှင့်အညီ အရေးယူရန် တိုက်တွန်း

Please login to join discussion
No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate