ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ ရောက်ရှိသည်။ ၎င်းတို့က ဒေသခံ ဒုက္ခသည်များအတွက် အလှူရှင်များ ပေးအပ်လိုက်သော ပစ္စည်းများ လှူဒါန်း အားပေးမှုများ ပြုလုပ်ခြင်းနှင့် အချက်အလက်မှန် စုဆောင်းခြင်းများ လုပ်ဆောင်ရန်ရှိကြောင်း၊ ယမန်နေ့ကလည်း မန္တလေး မြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူနှင့် သံဃာ ၃ ပါး စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။