သတင်းတို
ရွာမ လျှပ်စစ်စက်ရုံ လည်ပတ်ရေး ဂျပန် ကုမ္ပဏီ ကန်ထရိုက်ရရှိ
This article has been converted from Zawgyi One to Unicode
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ ရွာမ လျှပ်စစ်ဓာတ်အား ထပ်ဆင့် ဖြန့်ဖြူးရေး စက်ရုံကို ပြန်လည် ပြင်ဆင်လည်ပတ်ရန်တွက် ဂျပန်နိုင်ငံမှ မာရူဘီနီ(Marubeni) ကော်ပိုရေးရှင်းက ကန်ထရိုက် ရရှိကြောင်း သိရသည်။ စက်ရုံ ၏ သဘာ၀ ဓာတ်ငွေ့တာဘိုင် စက် ပစ္စည်း အစိတ်အပိုင်းများ အစားထိုးပြင်ဆင်မှုနှင့် အလုံးစုံပြင်ဆင်မှုများကို မာရူဘီနီ က ဟီတာချီ ကုမ္ပဏီ လီမိတက်(Hitachi Ltd)နှင့် တွဲဖက်၍ လုပ်ကိုင် သွားရန်ရှိကြောင်း၊ ယင်း စက်ရုံသည် လျှပ်စစ် ဓာတ်အား ကီလိုဝပ် ၃၄၀၀၀ ခန့် ထုတ်လုပ်နိုင်သည့် စက်ရုံ ဖြစ်ကြောင်း Kyodo သတင်းတွင် ဖော်ပြထားသည်။ ယခု အစီအစဉ်ကို ၂၀၀၅ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လည်း သိရသည်။