ရခိုင်ဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအတွင်း ဒေသခံလူထုသည် ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုပါ ကြီးမားစွာရှိနေသည်ဟု အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောဆိုလိုက်သည်။ ဒေသတွင်း ဖြစ် ပေါ် ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်ခဲ့ရကြောင်း၊ ထို့ကြောင့် အကြမ်းဖက်မှု ကျူးလွန်သူများကို ဥပဒေနှင့် အညီ မှန်ကန်ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း၊ အကြမ်းဖက် ခံရသူများ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ခြင်း နှင့်အတူ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးကို ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက်ကို ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ ယင်း လူ့အခွင့်ရေး ကော် မရှင်သည် ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။