မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr Meng Jianzhu နှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ဆွေးနွေးကြောင်း သိရသည်။ မူးယစ်ဆေးဝါး ကာကွယ် တားဆီးနှိမ်နင်းရေး အပါအဝင် မဲခေါင်ဒေသ အတွင်း တရားဥပဒေ စိုးမိုး ရေး နှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ၌ ပိုမို ပူးပေါင်း ဆောင်ရွက်ရေးများကိုလည်း ဆွေးနွေးကြသည်ဟု အစိုးရက သတင်းထုတ်ပြန် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။