မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဖြစ်လာသူ မစ္စတာ ဒဲရစ် မစ်ချယ်လ်သည် ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နေပြည်တော်သို့ သွား၍ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာပေးမည်ဟု ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက ထုတ်ပြန်ကြေ ညာသည်။ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပထမဆုံး အမေရိကန် သံအမတ်ဖြစ်ပြီး ယခင်က မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန၌ အကြီးတန်း အရာရှိအဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူး တာဝန်ယူ၍ လည်းကောင်း ထမ်းဆောင် ခဲ့ သူလည်း ဖြစ်သည်။ အမေရိကန်က ၁၉၉၀ ပြည့်နှစ်မှ စ၍ မြန်မာနိုင်ငံနှင့် သံတမန် အဆင့် လျှော့ချခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။