သတင်း

မြစ်ဆုံဒေသခံများ မြေယာ နစ်နာကြေး မရသေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်း ထားသော်လည်း စီမံကိန်းကာလအစ ရွှေ့ပြောင်းထားသော ရွာများမှ ဆုံးရှုံးမြေယာ လျော်ကြေးများ မရသေးကြောင်း ဒေသခံများကပြောသည်။

မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ – Jinghpaw TarGyi )
မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ – Jinghpaw TarGyi )

မြစ်ဆုံစီမံကိန်းကို စတင်ခဲ့သည့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) နှင့် အေးရှားဝေါလ် ကုမ္ပဏီ တို့က မြစ်ဆုံအနီးမှ ကျေးရွာများကို ၎င်းတို့ စီစဉ်ထားသော အောင်မြင်သာ စံပြကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်စေခဲ့သော်လည်း ထိုရွာခံများပိုင်ဆိုင်သည့် နှစ်ရှည်ပင်ခြံများနှင့် ရာသီပေါ်စိုက်ခင်းများ အတွက်နစ်နာကြေးကိုမူ ပေးချေမှု မရှိသေးဟု ဆိုသည်။

“နှစ်ရှည်ပင်တွေနဲ့ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ လျော်မပေးသေးဘူး၊ ရာသီအလိုက် စိုက်ပျိုးနေတဲ့ မြေတွေကိုတော့ ရတဲ့ လူတွေလည်း ရတယ်၊ မရသေးတဲ့လူတွေလည်း အများကြီးပဲ၊ ရတဲ့လူတွေကလည်း သိန်း တရာကျော် တန်တာကို ၅ သိန်းနဲ့ဖြတ် ပေးတယ်”ဟု အောင်မြေသာ စံပြကျေးရွာတွင် ရောက်ရှိနေသော မြစ်ဆုံ ရွာသူ တဦးက ဧရာဝတီသို့ ပြောသည်။

မြစ်ဆုံ စီမံကိန်းအနီးရှိ မြစ်ဆုံရွာ၊ တန်ဖဲနှင့် လဖျဲ့ ရွာများမှ အိမ်ထောင်စု ၃၀၀ ကျော်သည် ၂၀၁၀ ပြည့်နှစ်မှစ၍ CPI နှင့် အေးရှား ဝေါလ် ကုမ္ပဏီတို့က ပေ ၂ဝ ပတ်လည်ရှိ ပျဉ်ကာ၊ သွပ်မိုး ခြေတံရှည်အိမ်များဖြင့် ဆောက်ပေးထားသော အောင်မြင်သာ စံပြကျေးရွာတွင် ထိုကုမ္ပဏီများ၏ အစီအစဉ်ဖြင့်ပင် ပြောင်းရွှေ့နေထိုင်ကြရခြင်း ဖြစ်သည်။

စီမံကိန်းမရှိခင်က ထိုရွာခံများသည် မြစ်ဆုံဒေသတွင် ကျွန်း၊ ပျဉ်းကတိုးနှင့်အခြားသစ်မာပင်များကို နှစ်ရှည်ပင်များအဖြစ် စိုက်ပျိုးကြ ပြီး ရာသီပေါ်သီးနှံအဖြစ် ဒညင်း၊ လိမ္မော် နှင့် အခြားသီးနှံများ စိုက်ပျိုးကြကြောင်း ယခုအခါ ထိုနေရာများတွင် စီမံကိန်း အဆောက်အအုံများနှင့် လမ်းများ ဆောက်လုပ်ထားပြီးဖြစ်ကြောင်း ပြောင်းရွှေ့ထားခံရသူများက ပြောဆိုကြသည်။

“ဆုံးရှုံးတာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးတို့၊ ခရိုင်မှူးတို့လာတုန်းကလည်း တင်ပြတယ်၊ သူတို့ကလည်း CPI ကိုတင်ပြပေးမယ်ပြော တယ်၊ CPI လာတော့ သူတို့ကပြောတယ်၊ နစ်နာကြေးတွေ၊ လျော်ကြေးတွေ မပြောနဲ့တော့တဲ့၊ တကယ်လို့ သူတို့ စီမံကိန်း ပြန် လုပ်ခွင့်ရရင် ဒီရွာခံတွေ မနစ်နာစေရဘူးပေါ့၊ အဲဒီလိုပဲပြောတယ်၊ လောလောဆယ် သူတို့လည်း ဆုံးရှုံးမှုတွေများနေတယ်တဲ့”ဟု တောင်ယာ ဧက ၃၀ ကျော် ဆုံးရှုံးခဲ့သော မြစ်ဆုံ ရွာသားတဦးက ပြောသည်။

ထိုရွာခံများကို CPI ကုမ္ပဏီက အောင်မြင်သာ စံပြကျေးရွာအနီးတွင် လုပ်ကိုင်စားသောက်ရန် အစားထိုး မြေကွက်တချို့ ပေးထား သော်လည်း ကျောက်မြေများနှင့် ကြပ်မြေများဖြစ်နေသဖြင့် စိုက်ပျိုးရေးလုပ်ရန် အခက်အခဲရှိနေကြကြောင်း ကာယကံရှင်များက ပြော ပြသည်။

“ဒီမှာက မြေဆီလွှာမကောင်းဘူး၊ ကျောက်မြေတွေများတယ်၊ ဘယ်နေရာမှာ စိုက်စိုက်ပေါက်တဲ့ ပိတောက်ပင်တောင် စိုက်လို့ မပေါက် ဘူးဆိုတော့ ဘာမှ လုပ်စားလို့မရဘူးလေ၊ ဒီအောင်မြင်သာ ရွာကလည်း ကျောက်ခဲရွာပဲလေ၊ ကျမတို့ရွာကိုလည်း ပြန်နေခွင့် မပေးဘူး ဆိုရင်လည်း ဆုံးရှုံးနစ်နာမှုတွေကို တန်ရာတန်ကြေး ပြန်လိုချင်တာပေါ့”ဟု ပြောင်းရွှေ့ခဲ့ရသော တောင်သူ တဦးက ပြော သည်။

CPI ကုမ္ပဏီ က ယခုနှစ် မတ်လပိုင်းက ရောက်ရှိလာခဲ့ပြီး အိမ်ထောင်စု အားလုံးရှိ လူတဦးလျှင် တလ ဆန် ၇ ပြည်နှုန်းဖြင့် ၆ လ စာ ပေးထားသည်ဟုလည်း အောင်မြင်သာ စံပြကျေးရွာရှိ ဒေသခံများက ပြောဆိုသည်။

ယင်း မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဖြစ်ပါက CPI ကုမ္ပဏီက အပြည့်အဝ တာဝန်ယူပေးမည် ဆိုသော်လည်း မြေမကောင်းသဖြင့် စိုက်ပျိုးရေးလုပ်ရန် အခက်ခဲများနှင့် တွေ့မည်ဖြစ်သကဲ့သို့ စီမံကိန်းဆက်မလုပ်ဖြစ်ပါကလည်း နေရပ်ရင်းတွင် ပြန်လည်နေထိုင်ခွင့် ရှိမရှိ မသိနိုင်ကြောင်း ပြောင်းရွှေ့ခံထားရသော ဒေသခံများက ပြောသည်။

ထို့အတူ စီမံကိန်းကြောင့် ပျက်စီးကုန်ပြီဖြစ်သော ၎င်းတို့၏ စိုက်ပျိုးမြေများနှင့် နှစ်ရှည်ပင်များအတွက်လည်း နစ်နာကြေးများ ဆုံးရှုံးဖွယ်ရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။

မြစ်ဆုံဆည် စီမံကိန်းကြောင့် သဘာဝဘေးအန္တရာယ် ဆိုးကျိုးများဖြစ်လာနိုင်သည်ဟုဆိုပြီး ပြည်တွင်း သဘာဝ ပတ်ဝန်းကျင် လေ့ လာရေး အဖွဲ့များ၊ နိုင်ငံရေး ပါတီများ အပါအဝင် နယ်ပယ်အသီးသီးက တောင်းဆိုမှုများဖြစ်ပေါ်လာပြီးနောက် သမ္မတ ဦးသိန်းစိန် က ၎င်းတို့ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ် စက်တင်္ဘာလက အမိန့် ထုတ်ပြန်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အေးရှားဝေါလ် ကုမ္ပဏီတို့ သဘောတူညီ ထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် စခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading