အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်း
This article has been converted from Zawgyi One to Unicode
၁၅ နှစ်ကြာ မြန်မာပြည်အပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်ပြီဟု အမေရိကန်အစိုးရက ကြေညာ လိုက်သည်။ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဒေါ်လာ ၅ သိန်း အထက် ရင်းနှီးမြှုပ်နှံလိုသည့် မည်သည့် ကုမ္ပဏီကို မဆို သဘောတူ စာချုပ်နှင့်တကွ ငွေကြေး စာရင်းဇယားများ ပွင့်လင်းစွာ ရှင်းလင်းချပြရမည်ဟု ပြဌာန်းလိုက်ပြီ ဖြစ်သည်။ သို့ရာတွင် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန၊ ယခင်စစ်အစိုးရနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေး သမားများအပေါ် ဆက်လက် ဒဏ်ခတ် ပိတ်ဆို့ထားမည် ဖြစ်သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် အတွင်း ပထမဆုံး မိန့်ခွန်း ပြောသည့် ILO ညီလာခံတွင် မြန်မာပြည်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကိစ္စကို လိုက်လျောခဲ့သည်။