တိုင်းရင်းသားမဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်း ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ခိုးဝင်လာသူများအရေးကို နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ရိုဟင်ဂျာ များကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးသည်လည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တိုင်ပင် ညှိနိုင်းလျက်ရှိကြောင်း သမ္မတက ပြောဆိုလိုက်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။