• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ဂျာနယ်နှစ်စောင် ပိတ်သိမ်းခံရမည်ဟု သတိပေးခံရ

by ဧရာဝတီ
12 July 2012
in Military
A A
ဂျာနယ်နှစ်စောင် ပိတ်သိမ်းခံရမည်ဟု သတိပေးခံရ

အပြီးတိုင် ထုတ်ဝေခွင့် ပိတ်သိမ်းမည်ဟု သတိပေးခံရသော ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ်သတင်းဂျာနယ်

12.5k
VIEWS
Share on FacebookShare on Twitter

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး လေဖြတ်ဝေဒနာခံစားရပြီး စင်ကာပူတွင် ဆေးကုသမှုခံယူဆိုသော သတင်းကို ပိတ်ပင်တားဆီးမှုများ ကြားမှ ထည့်သွင်းဖော်ပြခဲ့သည့် ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ်သတင်းဂျာနယ် နှစ်စောင်ကို နောက်တကြိမ်ဆိုလျှင် အပြီးတိုင် ထုတ်ဝေခွင့် ပိတ်သိမ်းမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ယခင်စစ်အစိုးရ၏ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့က လေဖြတ်ဝေဒနာခံစားရပြီး စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသမှုခံယူရန် ထွက်ခွာသည်ဆိုသောသတင်းကို သတင်းဂျာနယ်များတွင် လုံး၀ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးဌာနက သတင်းဂျာနယ်များကို တရားဝင် တားမြစ်ခဲ့ကြောင်း၊ သို့ရာတွင်  ဇူလိုင် ၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်သတင်းဂျာနယ်နှင့် ဗီးနပ်စ်သတင်းဂျာနယ်များတွင် ယင်းသတင်းကို အကျယ်တဝင့် ရေးသားဖော်ပြခဲ့သည့်အတွက် စာပေစိစစ်ရေးက ဂျာနယ်တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး သတိပေးလက်မှတ်ထိုးခိုင်းကြောင်း၊ နောက်တကြိမ် စာပေစိစစ်ရေးက ခွင့်ပြုမှုမရှိသော သတင်းများကို ထည့်သွင်းပါက ဂျာနယ်ထုတ်ဝေခွင့် လုံး၀ ရုပ်သိမ်းသွားမည်ဟု တရားဝင် အသိပေးပြောဆိုကြောင်း သိရှိရသည်။

RelatedPosts

စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

20 May 2025
1
နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

နှစ် ၄၀ ကျော်လက်လွှတ်ခဲ့ရသည့် မော်ဖိုးကေစခန်း KNU ပြန်သိမ်း

20 May 2025
133
သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
563

“ဦးမောင်အေးသတင်း ထည့်တဲ့ ဂျာနယ်နှစ်စောင်ကို တရားဝင် သတိပေးတယ်။ အခုတကြိမ်က နောက်ဆုံး သတိပေးအနေနဲ့ ခေါ်သတိပေးတယ်။ ခွင့်ပြုပေးမထားတဲ့ သတင်းတွေထည့်ရင် နောက်တကြိမ်ဆိုရင် လုံး၀ ထုတ်ဝေခွင့် ရပ်ဆိုင်းမယ်ပေါ့။

အဲဒါ ခေါ်ပြောတယ်။ သက်ဆိုင်ရာတာဝန်ခံတွေကို ခေါ်ပြီး စာပေစိစစ် ညွှန်ကြားရေးမှူးကိုယ်တိုင် သတိပေးတာပါ” ဟု
ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။

ဧရာဝတီက သက်ဆိုင်ရာ ဂျာနယ်တာဝန်တချို့ကို ဆက်သွယ်မေးမြန်းရာ စာပေစိစစ်ရေးက နောက်တကြိမ် စည်းကမ်းဖောက်ဖျက်လျှင် ထုတ်ဝေခွင့် လုံးဝရပ်ဆိုင်းသည်အထိ အရေးယူမည်ဟု ပြောဆိုမှု မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသော်လည်း လတ်တလော အနေအထားတွင် စာပေစိစစ်ရေးဌာန၏ ထိန်းချုပ်မှုအောက်တွင် ဂျာနယ်များ ထုတ်ဝေနေရသည့်အတွက် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်မပြောလိုကြောင်း ပြောဆိုကြသည်။

ဦးမောင်အေးသတင်း ထည့်သွင်းမှုကြောင့် သတင်းဂျာနယ်များ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရမည်ဟု သတိပေးခံရမှုအပေါ်
ပြည်တွင်းသတင်းသမားအများစုက ဒီမိုကရေစီမဆန်သော လုပ်ရပ်အဖြစ် ရှုမြင်ကြသည်။

“ဒီမိုကရေစီအစိုးရလို့ခေါ်တဲ့ အစိုးရတက်ပြီးတော့ The Voice ဂျာနယ် တရားစွဲခံရတယ်။ လျှပ်တပြက်ဂျာနယ် အပိတ်ခံရတယ်၊ တရားစွဲခံရတယ်။ အခုတခါ ဦးမောင်အေးသတင်းထည့်လို့ ရန်ကုန်တိုင်းမ်နဲ့ ဗီးနပ်စ်ဂျာနယ် အပိတ်ခံရမယ်လို့ ခြိမ်းခြောက်ခံရတယ်။ ဒါတွေကိုကြည့်ရင် ဘယ်မှာလဲ သတင်းလွတ်လပ်ခွင့်။ ဘယ်မှာလဲ စာနယ်ဇင်းလွတ်လပ်ခွင့်။

ဦးမောင်အေး ကျန်းမာရေးမကောင်းလို့ မကောင်းဘူးလို့ ရေးတာပဲ။ အဲဒါဘယ်လောက်များ ထိခိုက်သွားသလဲ။ တဖက်က စဉ်းစားကြည့်ရင် ဒီစစ်အစိုးရ ခေါင်းဆောင်ဟောင်းတွေက လက်ရှိအစိုးရအပေါ်မှာ ထိန်းချုပ်ထားဆဲဆိုတာကို ပြတာပဲ” ဟု ဝါရင့်သတင်းသမားတဦးက သုံးသပ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းက ဇွန်လကုန်တွင် စာပေစိစစ်ရေး ဖျက်သိမ်းမည်ဟု သတင်းမီဒီယာများကို
ကတိပြု ပြောဆိုခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အခြေအနေတွင်မူ စာပေစိစစ်ရေးက ယခင်ထက်ပင် ပိုမိုတင်းကျပ်လာကြောင်း သိရှိရသည်။

“ဂျာနယ်တွေအားလုံးက စာပေစိစစ်ရေးအောက်မှာ အလုပ်လုပ်နေရဆဲပဲ။ အရင်ထက်စာရင် လုပ်ခွင့်ပိုရတာလာ မှန်ပေမယ့် စနစ်ကတော့ အရင်စစ်အစိုးရ လက်ထက်ကလိုပဲ။ တင်းကျပ်မှုတွေ ခံနေရတုန်းပဲ။ အရင်ထက်တောင် ပိုဆိုးလာတယ်။

တရားစွဲတာတွေတောင် ပါလာတယ်။ သတင်းသမားတွေကို တရားဝင် ထောင်ချဖို့အထိ လုပ်လာတယ်” ဟု ဂျာနယ်တာဝန်ခံအယ်ဒီတာတဦးက ဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ အဆိုအရ ဇူလိုင်လကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ပုံနှိပ်မီဒီယာဥပဒေကြမ်းကို တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။

ပုံနှိပ်မီဒီယာဥပဒေကြမ်းသည် သတင်းသမားများ ပါဝင်ရေးဆွဲနိုင်ခြင်းမရှိဘဲ ပြန်ကြားရေးဝန်ကြီးဌာနကသာ ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

  • ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး ကျန်းမာရေး ချို့ယွင်း

 

Your Thoughts …
Tags: CensorMedia
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.2k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
124

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

Next Post
ဆူဇူကီး ခြေစစ်ပွဲစဉ်များ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဆူဇူကီး ခြေစစ်ပွဲစဉ်များ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

မန္တလေးမြို့လယ်တွင် လောင်စာဆီဆိုင် မဖွင့်ရေး ကန့်ကွက်

မန္တလေးမြို့လယ်တွင် လောင်စာဆီဆိုင် မဖွင့်ရေး ကန့်ကွက်

Please login to join discussion
No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate