သတင်းတို
ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ခန့်
This article has been converted from Zawgyi One to Unicode
စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ကို ရန်ကုန်တိုင်း ဒေသကြီး၏ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အဖြစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့် အညီ ပြောင်းလဲ ခန့်အပ် လိုက်သည်။ ထိုသို့ ခန့်အပ်လိုက်ခြင်းသည် လစ်လပ်သွားသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ နေရာတွင် အစားထိုးရန် ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။