သတင်းတို

အစ္စလမ် အဖွဲ့ OIC မြန်မာနိုင်ငံ လာမည်

This article has been converted from Zawgyi One to Unicode

ကုလသမဂ္ဂ လက်အောက်ခံ အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သည့် Organization of Islamic Cooperation (OIC) အဖွဲ့က ရိုဟင်ဂျာအရေး နှင့် ပတ်သက်ပြီး လေ့လာ စုံစမ်းရန် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် တွေ့ဆုံပြီးနောက် ယင်း သို့ စီစဉ်ခြင်းဖြစ် ကြောင်း OIC ထုတ်ပြန်ချက်ကို ကိုးကား၍ ဘနားမား သတင်းက ယနေ့ ဖော်ပြသည်။ ဇူလိုင် ၉ ရက်ကလည်း ရခိုင်ဒေသ ပဋိပက္ခများအတွင်း သေဆုံးခဲ့သော ရိုဟင်ဂျာ များနှင့် ပတ်သက်ပြီး တရားဥပဒေနှင့်အညီ အမြန်ဆုံး စုံစမ်းစစ်ဆေးရန် OIC အဖွဲ့က မြန်မာ အစိုးရကို တောင်းဆို ထားသည်။

Loading