သတင်းတို
မြောက်ဦး၌ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ ဒု ဥက္ကဌ နှင့် အဖွဲ့ဝင် တဦးကို စစ်တပ်နှင့် ရဲ က ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် ဒေသခံလူထု ၃၀၀ ဝန်းကျင်က ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြသည့်အတွက် ရုန်း ရင်းဆန်ခတ်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ မြောက်ဦး RNDP ဒု ဥက္ကဌ ဦးအေးမောင်သန်း နှင့် ပါတီဝင် ဦးဘတင်တို့က ပဋိပက္ခ ဖြစ်နေဆဲ ကာလဖြစ်သောကြောင့် ဘင်္ဂါလီများကို စပါးကြိတ်မပေးရန် ဆန်စက်တစက်ကိုပြောရာ ယင်းဆန်စက်မှတိုင်ကြား သည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ မြို့မိ မြို့ဘများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် ၎င်းတို့နှစ်ဦးအား ပြန်လည် လွှတ် ပေးလိုက်သည်ဟု ဆိုသည်။