သတင်းတို

ဒု သမ္မတ အရည်အချင်း စစ်မည့်အဖွဲ့ ဖွဲ့စည်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု လွှတ်တော် နာယက အပါအဝင် အဖွဲ့ဝင် ၇ ဦးပါဝင်သော ဒု သမ္မတ ရွေးချယ်ရေး ကနဦးအဖွဲ့ကို ကြာသပတေးနေ့ က ဖွဲ့စည်း လိုက်သည်။ အမျိုးသား လွှတ်တော် နှင့် ပြည်သူ့လွှတ်တော် လွှတ်တော် ဥက္ကဌ များ၊ ဒု ဥက္ကဌ ၂ ဦး၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသား လွှတ်တော်မှ  မန္တလေးတိုင်းဒေသကြီး အမတ် ဦးဇော်မြင့်ဖေ၊ ပြည်သူ့လွှတ်တော် အမတ် ဦးဌေးဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ကိုယ်စားပြု ၁ ဦး တို့ ပါဝင်သည်။ ယင်းအဖွဲ့က ဒု သမ္မတ အရည်အချင်းနှင့် ညီညွတ် မှု ရှိမရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ကနဦး စစ်ဆေးမှုပြုလုပ်မည် ဖြစ်သည်။ အရည်အချင်းနှင့် ညီညွတ်ပါက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading