အမေရိကန်-မြန်မာ စီးပွားရေး စတင်
This article has been converted from Zawgyi One to Unicode
အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် အမေရိကန် ကုမ္ပဏီတခုဖြစ်သော General Electric – GE ကုမ္ပဏီက မြန်မာနိုင်ငံနှင့် စီးပွားရေး သဘောတူညီမှု စတင် လုပ်ကိုင်လာသည်။ ရန်ကုန်မြို့ရှိ ဆေးရုံ ၂ ရုံအတွက် ဆေးရုံသုံး ပစ္စည်း ရောင်းချပေးရန် ပြီးခဲ့ သည့် စနေနေ့က သဘောတူညီမှု ပြုလုပ်လိုက်ခြင်း ဖြစ်ကြောင်း AP သတင်း၌ ဖော်ပြသည်။ ဒေါ်လာ ၂ သိန်း တန်ဖိုးရှိ ဓာတ်မှန် စက်များကို Sea Lion အမည်ရှိ မြန်မာကုမ္ပဏီမှ တဆင့်ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန်က မြန်မာအပေါ် ချမှတ် ထားသော ရင်းနှီးမြှုပ်နှံမှုနှင့်ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဇူလိုင် ၁၁ ရက်က ရုပ်သိမ်းပေးခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်း ပသော အာဆီယံ စီးပွားရေး ညီလာခံ၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် သမ္မတ ဦးသိန်းစိန်တို့ သော ကြာနေ့ကလည်း တွေ့ဆုံခဲ့သေးသည်။ အမေရိကန် လုပ်ငန်းရှင် ၇၀ လောက် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်များလည်း မြန်မာ နိုင်ငံကို ရောက်ရှိနေကြောင်း သိရသည်။