သတင်းတို

ရိုဟင်ဂျာအရေး OIC တောင်းဆိုမှု UAE ထောက်ခံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သည့် Organization of Islamic Cooperation (OIC) အဖွဲ့၏ တောင်းဆိုချက်ကို အာရပ်ပြည်ထောင်စု(UAE)က ထောက်ခံကြောင်း သိရသည်။ ယင်း ရိုဟင်ဂျာများ ရွှေ့ပြောင်းနေထိုင်မှု အပါအဝင် အသတ်ခံရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာအနေနှင့် အရေးယူ ကာကွယ်မှုများ ဆောင်ရွက် ပေးရန် OIC က တောင်းဆိုခြင်းဖြစ်ကြောင်း khaleejtimes သတင်းက ဆိုသည်။ မြန်မာနိုင်ငံသို့ OIC က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ရန် စီစဉ်နေကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading