သတင်းတို
ရန်ကုန်၌ လယ်သမား ၂၀၀ ခန့် ငြိမ်းချမ်းစွာ ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် တောင်သူ လယ်သမား ၂၀၀ ခန့် ယမန်နေ့ နံနက်ပိုင်းက ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြကြောင်း သတင်းရသည်။ ယင်း လယ်သမားများသည် လယ်ယာမြေ အဓမ္မ အသိမ်းခံရသူများဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို မကျေနပ်၍ ဆန္ဒပြရခြင်းဖြစ်ပြီး တရားဝင် ဆန္ဒပြခွင့်တောင်းခံ၍ ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။ ဆန္ဒပြ ပွဲကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီက ဦးဆောင်ကြောင်း သတင်းများက ဆိုသည်။ အစိုးရ က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်း ချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေများကို ဇူလိုင် ၅ ရက်စွဲဖြင့် ပြည်ထဲရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို ၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။