ဂျပန် လေကြောင်းလိုင်း ဖြစ်သော All Nippon Airways(ANA)က မြန်မာနိုင်ငံ ရန်ကုန် နိုင်ငံတကာ လေဆိပ် နှင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ်ကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင် စတင်၍ တိုက်ရိုက်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ANA က အိန္ဒိယ နိုင်ငံ နယူးဒေလီမြို့နှင့် နာရီတာ တိုက်ရိုက် လေကြောင်းခရီးစဉ်ကိုလည်း အောက်တိုဘာ ၂၈ ရက်တွင် ပြေးဆွဲသွားရန် ရှိသည် ဟု Japan Today သတင်းက ဆိုသည်။ ယခု ပြေးဆွဲမည့် အစီအစဉ်သည် ၁၂ နှစ်ကြာကာလအတွင်း ပထမဆုံး ဖြစ်သည်ဟု ပြီးခဲ့ သည့် ဧပြီလအတွင်းက ANA အကြီးအကဲ Shinichiro Ito က ပြောဆိုကြောင်း နိုင်ငံတကာ လေကြောင်း ဆိုင်ရာ အင်တာနက် စာမျက်နှာ ATW တွင်လည်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။