သတင်းတို

ထိုင်းတပ်နှင့် မူးယစ်ဂိုဏ်း နယ်စပ်တွင် တိုက်ပွဲဖြစ်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်သို့ မြန်မာဘက်မှ ဝင်ရောက်လာသော မူးယစ်မှောင်ခို ဂိုဏ်းဝင်များဟု သင်္ကာမကင်း ဖြစ်သူများကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က တားဆီးရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၇ ယောက်ကို အသေ ဖမ်းဆီးမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ စိတ်ကြွဆေးပြား ၅ သိန်း ၂ သောင်း၊ “ရေခဲ” ခေါ် ဆေးခဲ ၇၀ ကီလိုဂရမ် (၁၅၄ ပေါင်) ကို ဖမ်းဆီးမိကြောင်းလည်း သတင်းက ဆိုသည်။

Loading