ချက် ရီပတ်ပလစ် သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Karel Schwarzenberg ဦးဆောင်သည့် အဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာပြီး ညနေပိုင်းတွင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် တွေ့ ဆုံသည်။ ထို့အပြင် ယင်းချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံ စေတီတော်သို့ တက်ရောက်ကြည်ညိုကြကြောင်းလည်း ယနေ့ထုတ် အစိုးရ သတင်းစာ၌ ဖော်ပြထားသည်။ ယင်းအဖွဲ့သည် အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ မည်ဖြစ်ပြီး ယနေ့တွင်လည်း ရန်ကုန်အခြေစိုက် လူထုအခြေပြု လူ့အဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိကြောင်း လည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။