သတင်းတို

စစ်တွေ-ဘူးသီးတောင် ရေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် တလခွဲခန့်ရပ်ဆိုင်းထားသော စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့သို့ပြေးဆွဲသည့် NRC ရှပ် ပြေး အမြန်ရေယာဉ်လိုင်း ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ပြေးဆွဲပြီ ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။ အစိုးရ ရုံးများနှင့် စာသင်ကျောင်းတချို့ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်သောကြောင့် ပြေးဆွဲရခြင်း ဖြစ်ကြောင်း၊ လူတဦး လက်မှတ်ခမှာ ကျပ် ၈၀၀၀ ဖြစ်ပြီး ရှပ်ပြေးတစီးလျှင် လူ ၅၀ ခန့် လိုက်ပါနိုင်ကြောင်း၊ စစ်တွေမှ ဘူးသီးတောင်၊ မင်းဗြား၊ မြောက်ဦး စသည့် မြို့များသို့ ရွှေပြည်တန် ၊ NRC ၊ မလိခ ၊ ရွှေနဒီ အမည်ရှိ အမြန်ရေယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိရာ ဇွန်လ ၁၀ ရက်နေ့မှ စတင်ရပ်ဆိုင်းထား ရခြင်း ဖြစ်ကြောင်း သိရသည်။

Loading