သတင်းတို

စစ်တွေမြို့မ ဈေး ဝင်ခွင့်ကတ်ပြား ချိတ်ဆွဲခိုင်း

This article has been converted from Zawgyi One to Unicode

စစ်တွေ မြို့မ ဈေးကြီးအတွင်း ဝင်ရောက်သွားလာသူ အားလုံး ဝင်ခွင့်ကတ်ပြားများ ချိတ်ဆွဲ အသုံးပြုရကြောင်း သိရသည်။ ဆိုင် ခန်း ပိုင်ရှင်များက အပြာရောင်၊ ဈေးဝယ်သူများက အဝါ၊ ကုန်တင်ကုန်ချ အလုပ်သမားများက ပန်းရောင် စသည်ဖြင့် အရောင်များဖြင့် ခွဲခြား သတ်မှတ်ထားကြောင်း၊ ကတ်တကတ်လျှင် ကျပ် ၅၀၀ သတ်မှတ်ထားပြီး ဆိုင်ခန်းပိုင်ရှင်များက ဈေးကော်မတီကို ပေး ရကြောင်း၊ ဈေးဝယ်သူများနှင့် အလုပ်သမားများက မပေးရကြောင်း ဒေသခံ တဦးက ပြောသည်။ စစ်တွေမြို့မ ဈေးကို ရခိုင်ပြည် နယ်တွင်း ပဋိပက္ခများကြောင့် ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စတင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ဈေးဖွင့်ချိန်ကိုလည်း နံနက် ၉ နာရီခန့်မှ ညနေ ၃ နာရီ ဝန်းကျင် သတ်မှတ်ထားကြောင်း သိရသည်။

Loading