သတင်းတို

ထိုင်း PTT မြန်မာ စွမ်းအင်ကဏ္ဍ၌ ဒေါ်လာ ဘီလီယံချီ မြှုပ်နှံမည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီ(PTT)က မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတချို့တွင် ဒေါ်လာ ၂ – ၃ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ ကျောက်မီးသွေးတွင်း နှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံ အပါအဝင် တရက်လျှင် ပေပါ ၁၅၀၀၀၀ ခန့်ထွက်ရှိသော စွမ်းအင်လုပ်ငန်းများ၌ မြှုပ်နှံရန် ဖြစ်ကြောင်း PTT ၏ ပြောဆိုချက်ကို Reuters သတင်းတွင် ယနေ့ ဖော်ပြထား သည်။ ထိုင်းနိုင်ငံ PTT Exploration & Production PCL (PTTEP.TH) စွမ်းအင် ကုမ္ပဏီကလည်း မြန်မာနိုင်ငံ၌ လာ မည့် ၂၀၁၂-၂၀၁၆ ကာလ စွမ်းအင် စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် ရှိကြောင်း ဇွန်လ အတွင်းက ထုတ်ပြန်ခဲ့သည်။

Loading