သတင်းတို
ကမ်းလွန် လုပ်ကွက် ၂၃ ခု ၌ ရင်းနှီးမြှုပ်နံှရန် နိုင်ငံခြား ကုမ္ပဏီများကို ဖိတ်ခေါ်
This article has been converted from Zawgyi One to Unicode
ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၃ ခုအတွက် လာရောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် မြန်မာ အစိုးရက နိုင်ငံခြား စွမ်း အင် ကုမ္ပဏီများကို ဖိတ်ခေါ် လိုက်သည်။ ယင်း လုပ်ကွက်များသည် ဘင်္ဂလားပင်လယ်အော် ရခိုင်ကမ်းလွန်နှင့် တနင်္သာရီတိုင်း ကပ္ပလီ ပင်လယ်ပြင် မုတ္တမကွေ့ ကမ်းလွန်ရှိ ရေနက်ပိုင်း လုပ်ကွက် ၁၇ ခုနှင့် ရေတိမ်ပိုင်း လုပ်ကွက် ၆ ခုတို့ ဖြစ်သည်ဟု သိရကြောင်း Dow Jones သတင်းတွင် ယနေ့ ဖော်ပြထားသည်။