မန္တလေးမြို့ရှိ ဖုန်းဆိုင်များတွင် မြို့တွင်း ဆက်သွယ်ရေး ကောင်းမွန်သည့် GSM နှင့် WCDMA ဖုန်း SIM ကတ်များ ဈေးထိုးတက် သွားကြောင်း သိရသည်။ GSMဖုန်းကတ်မှာ ကျပ် ၂ သိန်းမှ ၂ သိန်း ၂ သောင်း အထိ ဈေးတက်သွားပြီး WCDMA ဖုန်းကတ်မှာ ကျပ် ၂ သိန်းခွဲမှ ၂ သိန်း ၈ သောင်း အထိ ဈေးတက်သွားကြောင်း သိရသည်။ မန္တလေးပြင်ပသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချလျှက် ရှိသော်လည်း မန္တလေး မြို့တွင်းသာ ဆက်သွယ်ရေး ကောင်းမွန်သည့် ဖုန်းနံပါတ်များမှာ ပစ္စည်းပြတ်လပ် မှုကြောင့် ယခုကဲ့သို့ ဈေးတက်ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။