• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးသိန်းစိန်နှင့် မဟာမိတ် ၁၀ ပါတီ တွေ့ဆုံ ဆွေးနွေး

by ခင်ဦးသာ
18 July 2012
in သတင်း
A A
ဦးသိန်းစိန်နှင့် မဟာမိတ် ၁၀ ပါတီ တွေ့ဆုံ ဆွေးနွေး

နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် မဟာမိတ် ၁၀ ပါတီ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန် ဇူလိုင်လ အတွင်း က တွေ့ဆုံစဉ် (ဓာတ်ပုံ – Hmuu Zaw / Facebook)

3.7k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန်နှင့် မဟာမိတ် ၁၀ ပါတီမှ ခေါင်းဆောင်များ ပထမဆုံးအကြိမ် ယနေ့ တွေ့ဆုံ၍ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ နည်းစနစ် ပြောင်းလဲရေး တို့ကို ဆွေးနွေး ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သော မဟာမိတ် ပါတီများ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ နည်းစနစ် ပြောင်းလဲရေး ကို ၁၀ ပါတီ၏ သဘောတူညီချက်ဖြင့် တင်ပြဆွေးနွေးခဲ့ပြီး တရားဥပဒေ စိုးမိုးရေး အတွက် ပြဌာန်းပြီး ဥပဒေများအား လက်တွေ့ ကျင့်သုံးနိုင်ရန် နည်းဥပဒေများ ထုတ်ပြန်ပေးရေး များကို ဆွေးနွေးခဲ့ကြကြောင်း ပါတီ ခေါင်းဆောင်များ က ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
104
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
131
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
444

ထို့အပြင် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားအစုံ ပါဝင်သော အလွှာအသီးသီးမှ ပုဂ္ဂိုလ်များဖြင့် ညီလာခံကြီး တခု အမြန်ဆုံး ကျင်းပနိုင်ရေးကိုလည်း တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မဟာမိတ် ၁၀ ပါတီမှာ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီ(AMDP)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၊ ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ(SNDP)၊ ချင်း အမျိုးသား ပါတီ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ် ကရင် ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီ တို့ဖြစ်သည်။

၁၀ ပါတီ မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသား ပါတီများကလည်း တိုင်းရင်းသား ဒေသအသီးသီး၌ မိမိတို့ ဘာသာစကားနှင့် စာပေ များကို ကျောင်းပြင်ပတွင်သာမက ကျောင်း သင်ရိုးညွှန်းတမ်း ၌ပါ ထည့်သွင်း သင်ကြားနိုင်ရေးတို့ကို တင်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍လည်း RNDP ပါတီ အထွေအထွေ အတွင်းရေးမှူး ဦးလှစော က တင်ပြ ဆွေးနွေးကြောင်း သိရသည်။

တရားခွင်၌ တရားသူကြီးနှင့်ရှေ့နေ အပြန်အလှန် လေးစားမှုရှိရေး၊ တရားစီရင်ရာ၌ ယခင်ကဲ့သို့ ဘားကောင်စီဖွဲ့ပြီး ဆောင်ရွက် ရေး၊ ပြဌာန်းထားပြီး ဥပဒေများသည် နည်းဥပဒေမရှိ၍ လက်တွေ့ မကျင့်သုံးနိုင်သေးသည်များကို တင်ပြခဲ့ကြောင်း ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း က ဧရာဝတီ ကိုပြောသည်။

မဟာမိတ် ၁၀ ပါတီ ၏ သဘောထားအပြင် ပါတီ တခုချင်းစီ၏ သဘောထားကိုလည်း တင်ပြခဲ့ကြသည်ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ပါတီများ၏ တင်ပြ ဆွေးနွေးမှုများကို ရေရှည်၊ ရေတို ခွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဟု ကတိပေးကြောင်း သိရသည်။

ကျေးရွာ ၆ သောင်းကျော်ကို လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်ပေးရေး၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သို့ ဖောက်လုပ်မည့် မီးရထားလမ်း နှင့် ရေနံ ပိုက်လိုင်း စီမံကိန်းများနှင့် ပတ်သက်ပြီး ပြည်လည် စဉ်းစား သုံးသပ်မှုပြုလုပ်ရန် သမ္မတကို အကြံပေးခဲ့ကြောင်း NDF ပါတီ ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

လက်ရှိကျင်းပနေသည့် လွှတ်တော်၏ လုပ်ဆောင်ချက်များနှင့် အစိုးရ အဖွဲ့တို့ လုပ်ဆောင်နေသည့် ကိစ္စရပ်များ ကိုလည်း တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ ၁၀ ပါတီမဟာမိတ် အဖွဲ့သည် သမ္မတနှင့် မတွေ့ဆုံမီ မီးရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး
ဦးစိုးသိန်း တို့နှင့် ရန်ကုန် မြို့တွင် တွေ့ဆုံခဲ့ကြသေးသည်။

ယနေ့တွေ့ဆုံရာ၌ သမ္မတနှင့်အတူ ၎င်းဝန်ကြီး နှစ်ဦးလည်း တက်ရောက်ခဲ့ကြောင်း၊ သမ္မတ အပါအဝင် ဝန်ကြီးများနှင့် ထပ်မံ တွေ့ဆုံရန် ရှိသေးကြောင်း သိရသည်။

တွေ့ဆုံ ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကြေညာချက်တခုကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဟု ဦးအောင်သန်း က ပြောသည်။

၁၀ ပါတီမဟာမိတ် အဖွဲ့ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ မှ တိုင်းရင်းသား ပါတီ ၆ ခု ကလည်း ညီနောင် ပါတီများအဖွဲ့ အဖြစ် ဖွဲ့စည်းထားကြသည်။

Your Thoughts …
Tags: Thein Sein
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

မြေသိမ်းမှု, သမ္မတဦးသိန်းစိန်

ဦးသိန်းစိန်အစိုးရ မြေမသိမ်းဟု ကတိပြု

by မေခ
30 September 2013
2.8k

ဒီအစိုးရ လက်ထက်မှာတော့ မြေယာသိမ်းတာတွေ မဖြစ်အောင် လုပ်သွားမှာပါ။ တတ်နိုင်သမျှ သိမ်းဖို့ မရှိနိုင်အောင် လုပ်မှာပါ။ ဥပဒေကြမ်း ကလည်း အမျိုးသား အဆင့် အနေနဲ့ ရေးဆွဲတာပါ။ လာမယ့်နှစ် ဧပြီလမှာ အပြီး သတ်မယ်

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

ဦးသိန်းစိန်နှင့် ဦးရွှေမန်း မပြေလည်မှု ထပ်ဆိုးလာမည်လော

by သာလွန်ဇောင်းထက်
2 September 2013
10.1k

ထိပ်သီး အကွဲအပြဲတွေကို ထိန်းကျောင်းပေး နိုင်သူဆိုလို့ အခု အငြိမ်းစားနေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ရှိတာကြောင့် သူ့ကို ကြားဝင်ဖို့ ပန်ကြားမှုတွေ ရှိတယ်လို့ နေပြည်တော် နိုင်ငံရေး အသိုင်းအဝိုင်းက တဆင့် ဧရာဝတီက ကြားသိရပါတယ်။

နော်ဝေကနေ ကြိုနေတယ်

နော်ဝေကနေ ကြိုနေတယ်

by ထက်အောင်ကျော်
15 February 2013
6.9k

မင်းကိုနိုင်ကို ကြိဆိုမယ့် လူတွေလည်း ရာနဲ့ချီရှိနေတယ်လို့ သိရပေမယ့် သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုမယ့် မြန်မာနိုင်ငံသား ဒါမှမဟုတ် သူနဲ့အတူ ညစာ စားပွဲတက်မယ့် မြန်မာနိုင်ငံသား မရှိသလောက် နည်းနေတယ်လို့ သိရပြီး ဆန္ဒပြပွဲလုပ်မှာကိုတောင် စိုးရိမ်နေရပါတယ်

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

မြေသိမ်းမှုများ သမ္မတ ဦးသိန်းစိန် အမြန်ဆုံး ဖြေရှင်းရန် သူရဦးရွှေမန်းပြော

by သာလွန်ဇောင်းထက်
29 August 2013
4.9k

သမ္မတ ဦးသိန်းစိန်နှင့် သူရ ဦးရွှေမန်းအကြား မပြေလည်မှုများရှိနေရာ သူရဦးရွှေမန်း ပေးပို့သည့် မြေယာ ကိစ္စ ဖြေရှင်းပေးရေး သ၀ဏ်လွှာသည် အစိုးရနှင့် လွှတ်တော် အကြား တင်းမာမှု တခုအဖြစ် ရှုမြင်နိုင်ကြောင်း

သမ္မတ, ဦးသိန်းစိန်, သံတွဲ, ရခိုင်, အကြမ်းဖက် တိုက်ခိုက်

ရခိုင်မှ သမ္မတ ဦးသိန်စိန် ပြန်သည့် ည သံတွဲ၌ နေအိမ် ၂ လုံး ထပ်မံ မီးရှို့ခံရ

by လင်းသန့်
4 October 2013
4k

သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ်ခရီးစဉ် အဆုံးသတ်၍ ပြန်သွားသည့် ယမန်နေ့ ည ၁၁ နာရီခန့်က သံတွဲမြို့ ကျောက် ဆိပ် ကျေးရွာတွင် မွတ်စလင် နေအိမ် ၂ လုံးကို ထပ်မံ မီးရှို့ ဖျက်ဆီးလိုက်ကြောင်း...

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု ဖြတ်တောက်ကြောင်း ဦးသိန်းစိန် ပြော

by လင်းသန့်
17 July 2013
3.4k

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် ဆက်ဆံရေးမှ လွဲ၍ စစ်ရေးဆက်သွယ်မှု အားလုံးဖြတ်တောက် ထားသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

Next Post
ပုဒ်မ ၅ (ည) ဖျက်သိမ်းရေး အခြေအတင် ဆွေးနွေး

ပုဒ်မ ၅ (ည) ဖျက်သိမ်းရေး အခြေအတင် ဆွေးနွေး

ယခုနှစ် အာဇာနည်နေ့ အခမ်းအနား ဒု သမ္မတ တက်မည်

ယခုနှစ် အာဇာနည်နေ့ အခမ်းအနား ဒု သမ္မတ တက်မည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.8k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate