သတင်းတို
ကွန်ဂရက်ရွှေတံဆိပ်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံယူမည်
This article has been converted from Zawgyi One to Unicode
အမေရိကန် ပြည်ထောင်စု အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံးဆုဖြစ်သော ကွန်ဂရက်ရွှေတံဆိပ်ဆုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ခရီးစဉ်အတွင်း လက်ခံယူမည်ဟု သတင်းရရှိသည်။ ယင်းဆုချီးမြင့်မည့် အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပမည်ဟု ဝါရှင်တန်မှလာသော သတင်းများအရ သိရသည်။ ထို့အပြင် စက်တင်ဘာ ၂၁ ရက်နေ့၌ အတ္တလန်တစ် ကောင်စီ၏ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားဆုကိုလည်း လက်ခံယူမည်ဟု သိရသည်။